Quran with Burmese translation - Surah At-Taubah ayat 53 - التوبَة - Page - Juz 10
﴿قُلۡ أَنفِقُواْ طَوۡعًا أَوۡ كَرۡهٗا لَّن يُتَقَبَّلَ مِنكُمۡ إِنَّكُمۡ كُنتُمۡ قَوۡمٗا فَٰسِقِينَ ﴾
[التوبَة: 53]
﴿قل أنفقوا طوعا أو كرها لن يتقبل منكم إنكم كنتم قوما فاسقين﴾ [التوبَة: 53]
Ba Sein ၅၃။ ဟောကြားလော့။သင်တို့သည် စိတ်ပါ၍သော်လည်းကောင်း၊ စိတ်မပါပဲသော်လည်းကောင်း၊ ပေးကမ်းကြလော့၊ သင်တို့ပေးကမ်းသည်ကို လက်မခံမဟုတ်ပေ။သင်တို့သည် မနာခံကျူးလွန်သူများမုချဖြစ်ကြ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြလေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကြည်ဖြူစွာ သို့မဟုတ် မကြည်ဖြူဘဲလျက် လှူဒါန်းသုံးစွဲကြပါ။ ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်တွင်) အသင်တို့ထံမှ လက်ခံတော်မူခြင်း လုံးဝ ခံရမည်မဟုတ်ပေ။ (ထိုကဲ့သို့ဖြစ်ရခြင်းသည်) အမှန်မှာ အသင်တို့သည် (အမိန့်ကို)သွေဖည် ဆန့်ကျင်သောသူများဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ |