×

(ရုပ်နာမ်ဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအတွက်အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းထားသော ဇကားသ်) အလှူဒါနများသည် ဆင်းရဲချို့တဲ့သူများ၊ (လိုအပ်ချက်များရှိသော်ငြားလည်း ဂုဏ်သိက္ခာကြောင့် ထုတ်ဖော်ပြောလေ့မရှိသော) ခိုကိုးရာမဲ့များ၊ (အလှူဒါန၊ လူမှုရေး၊ အခွန်အခကောက်ခဲ့ခြင်းနှင့်အုပ်ချုပ်ရေးတို့တွင် 9:60 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:60) ayat 60 in Burmese

9:60 Surah At-Taubah ayat 60 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 60 - التوبَة - Page - Juz 10

﴿۞ إِنَّمَا ٱلصَّدَقَٰتُ لِلۡفُقَرَآءِ وَٱلۡمَسَٰكِينِ وَٱلۡعَٰمِلِينَ عَلَيۡهَا وَٱلۡمُؤَلَّفَةِ قُلُوبُهُمۡ وَفِي ٱلرِّقَابِ وَٱلۡغَٰرِمِينَ وَفِي سَبِيلِ ٱللَّهِ وَٱبۡنِ ٱلسَّبِيلِۖ فَرِيضَةٗ مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[التوبَة: 60]

(ရုပ်နာမ်ဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအတွက်အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းထားသော ဇကားသ်) အလှူဒါနများသည် ဆင်းရဲချို့တဲ့သူများ၊ (လိုအပ်ချက်များရှိသော်ငြားလည်း ဂုဏ်သိက္ခာကြောင့် ထုတ်ဖော်ပြောလေ့မရှိသော) ခိုကိုးရာမဲ့များ၊ (အလှူဒါန၊ လူမှုရေး၊ အခွန်အခကောက်ခဲ့ခြင်းနှင့်အုပ်ချုပ်ရေးတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်နေကြသော) အမှုထမ်းများ၊ (အရှင့်လမ်းစဉ်တော်အတွက် အထောက် အကူပြရန်နှင့် ရန်လိုမုန်းတီးမှု တားဆီးကာကွယ်ရန် လူတို့၏နှလုံးသားကို အနိုင်ရစေမည့်) စိတ်နှလုံးသိမ်မွေ့စေရန် စည်းရုံးလေ့ကျင့်ပေးသူများ၊ (ကျွန်စနစ်၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းနှင့်မတရားအကျဉ်းချခံရခြင်းစသော) အချုပ်အနှောင် ဘဝမှ လွတ်မြောက် စေရေးတွင် သုံးစွဲရန်၊ (ရိုးသားဖြူစင်စွာ လုပ်ကိုင်စားသောက်ပါလျက်) ကြွေးတင်နေသော မြီစားများ၊ အလ္လာဟ်အရှင်၏လမ်းစဉ်တော်၌ သုံးစွဲရန်နှင့် (ဒုက္ခအ ခက်အခဲနှင့်ကြုံတွေ့နေရသော) ခရီးသည်များ အတွက်သာလျှင် ဖြစ်၏။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ တာဝန်အဖြစ် ပြဋ္ဌာန်းတော်မူသည့်ပညတ် တော်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏လိုအပ်ချက်များကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ပြဋ္ဌာန်းရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إنما الصدقات للفقراء والمساكين والعاملين عليها والمؤلفة قلوبهم وفي الرقاب والغارمين وفي, باللغة البورمية

﴿إنما الصدقات للفقراء والمساكين والعاملين عليها والمؤلفة قلوبهم وفي الرقاب والغارمين وفي﴾ [التوبَة: 60]

Ba Sein
၆၀။ အလှုဒါနများသည် ဆင်းရဲနွမ်းပါးသူများ၊ အလှုကောက်ခံရသူများ၊ အစ္စလာမ်သာသနာတော်အတွင်း ဝင်သူ လူသစ်များ၊ ကျွန်လွှတ်ရန်ကိစ္စ၊ မြီစားများ၊ အလ္လာဟ်အရှင်မြတ်ဘက်တော်၌ သုံးစွဲခြင်း၊ ခရီးသည်အာဂန္တုများ အတွက်ဖြစ်၏။ဤသို့အလ္လာဟ်အရှင်မြတ်ပညတ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ်ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်သက်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
Hashim Tin Myint
အမှန်စင်စစ် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)သည် ဆင်းရဲသားများအတွက်၊ ပစ္စည်းမဲ့များအတွက်၊ ဇကာသ်ကိစ္စကို ‌ဆောင်ရွက်‌သော အမှုထမ်းများအတွက်၊ (အစ္စလာမ်ကို နှစ်သက်ပြီး သာသနာထဲဝင်လို‌သော)သူများ၏စိတ်များအား နှစ်သိမ့်‌စေရန်အတွက်၊ ‌ကျေးကျွန်များအား ကျွန်ဘဝမှ လွတ်‌မြောက်‌စေရန်အတွက်၊ အ‌ကြွေးထဲ၌ နစ်‌နေသူများအတွက်၊ အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်အတွက်နှင့် (ဒုက္ခ‌ရောက်သည့်)ခရီးသည်များအတွက် ဖြစ်သည်။* ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ပြဋ္ဌာန်းထား‌တော်မူ‌သော ပညတ်ချက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek