×

အကယ်၍ သူတို့အား အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ပေးကမ်းသမျှဖြင့်သာ အမှန်ပင် သူတို့ရောင့်ရဲတင်းတိမ်လျက် “အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့သည် မကြာမီ ကျွန်ုပ်တို့အား အရှင့်ကျေးဇူးတော်မှ 9:59 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:59) ayat 59 in Burmese

9:59 Surah At-Taubah ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 59 - التوبَة - Page - Juz 10

﴿وَلَوۡ أَنَّهُمۡ رَضُواْ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُواْ حَسۡبُنَا ٱللَّهُ سَيُؤۡتِينَا ٱللَّهُ مِن فَضۡلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ ﴾
[التوبَة: 59]

အကယ်၍ သူတို့အား အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ပေးကမ်းသမျှဖြင့်သာ အမှန်ပင် သူတို့ရောင့်ရဲတင်းတိမ်လျက် “အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့သည် မကြာမီ ကျွန်ုပ်တို့အား အရှင့်ကျေးဇူးတော်မှ (ဂုဏ်သိက္ခာနှင့်လိုအပ် ချက်များကို) ချီးမြှင့်ပေးအပ်တော်မူပါလိမ့်မည်။ ဧကန်စင်စစ်၊ (ကျွန်ုပ်တို့သည် မည်သည့်အခွင့်အရေးနှင့်မကျေ နပ်မှုကိုမျှ ပဓါနမထားဘဲ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် မျှော်ကိုး၍) အလ္လာဟ်အရှင်မြတ်ဘက်သို့သာ လျှင် တိမ်းညွတ်လျက် အသနားခံ ပန်ကြားသူများပင် ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြလျှင် ကောင်းလေစွ။

❮ Previous Next ❯

ترجمة: ولو أنهم رضوا ما آتاهم الله ورسوله وقالوا حسبنا الله سيؤتينا الله, باللغة البورمية

﴿ولو أنهم رضوا ما آتاهم الله ورسوله وقالوا حسبنا الله سيؤتينا الله﴾ [التوبَة: 59]

Ba Sein
၅၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့ပေးသမျှနှင့် တင်းတိမ်ကြပြီးလျှင် အလ္လာဟ် အရှင်မြတ်သည် အကျွနု်ပ်တို့အဖို့ လုံလောက်တော်မူ၏။အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်သည် အကျွနု်ပ် တို့အား အရှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာမှ ပေးသနားတော်မူကြလိမ့်မည်ဟု ပြောဆိုကြလေလျှင် တော် လေစွ။
Ghazi Mohammad Hashim
အမှန်သော်ကား အကယ်၍သာ ထိုသူတို့သည်မိမိတို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူသည်များအပေါ်၌ ကျေနပ်ခဲ့ကြပြီး ကျွန်ုပ်တို့အဖို့ အလ္လာဟ်အရှင်မြတ်သည်ပင် လုံလောက်တော်မူပေသည်။အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ ကျွန်ုပ်တို့အား မိမိကျေးဇူးတော်ဖြင့် ချီးမြှင့်ပေးသနားတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်း (ကျွန်ုပ်တို့အား ထပ်မံ၍ပေးတော်မူဦးအံ့၊) ဧကန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ဘက်သို့သာလျှင် တိမ်းယိမ်းညွှတ်ပြောင်းသူများဖြစ်ကြပါသည် ဟုပြောဆိုခဲ့ကြပါလျှင် ကောင်းလေစွ တကား။(ရကူ)
Hashim Tin Myint
ထို့ပြင် အကယ်၍ အမှန်ပင် သူတို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ‌ပေး‌တော်မူခဲ့သည်များအ‌ပေါ်တွင် ‌ကျေနပ်ပြီး “ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူပါသည်။* အလ္လာဟ်အရှင်မြတ်သည် မကြာမီ ကျွန်ုပ်တို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်များထဲမှ ‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်၏တမန်‌တော်သည်လည်း (ထပ်‌ပေးဦးမည်)၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်ကိုသာ ယိမ်းညွတ်သူများဖြစ်ကြပါသည်“ဟု ‌ပြောဆိုခဲ့ကြလျှင် ‌ကောင်း‌လေစွပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek