Quran with Burmese translation - Surah At-Taubah ayat 70 - التوبَة - Page - Juz 10
﴿أَلَمۡ يَأۡتِهِمۡ نَبَأُ ٱلَّذِينَ مِن قَبۡلِهِمۡ قَوۡمِ نُوحٖ وَعَادٖ وَثَمُودَ وَقَوۡمِ إِبۡرَٰهِيمَ وَأَصۡحَٰبِ مَدۡيَنَ وَٱلۡمُؤۡتَفِكَٰتِۚ أَتَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴾
[التوبَة: 70]
﴿ألم يأتهم نبأ الذين من قبلهم قوم نوح وعاد وثمود وقوم إبراهيم﴾ [التوبَة: 70]
Ba Sein ၇၀။ သူတို့ထက်ရှေးကျသောရှေးလူဟောင်းတို့၏ အဖြစ်အပျက်အကြောင်းအရာသည် သူတို့ထံသို့ မရောက်သလော၊ တမန်တော်နူဟို၏ အမျိုးသားများ၊ အားဒ်လူမျိုးများ၊ စမုဒ်အမျိုးသားများ၊ တမန်တော်အေဗရာဟမ်၏ အသင်း သားများ၊ မီဒီယမ်တွင် နေထိုင်သူများ၊ ဤလူများနှင့် ၎င်းတို့ထံကျရောက်သောအတိဒုက္ခများအကြောင်းကို မသိကြသလော၊ သူတို့၏ တမန်တော်များသည် သူတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင် သတော်မူကြောင်း သက်သေသာဓကကြီးများကို ယူဆောင်လာကြ၏။ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ပြစ်မှားတော်မမူပေ။သို့သော်သူတို့သည် မိမိကိုယ်ကို မိမိတို့ပြစ်မှားကြ၏။ |
Ghazi Mohammad Hashim ထို(မုနာဖစ်က်)များထံသို့ ၎င်းတို့အလျငရှိခဲ့ကြသောသူတို့၏ (ပျက်စီးဆုံးရှုံးခြင်း၏)သတင်း၊ (ဥပမာ-နဗီတမန်တော်) ‘နူဟ်’၏ အမျိုးသားများ၏သတင်း၊ ‘အာဒ်’ အမျိုးသားများ၏သတင်း၊ ‘ဆမူဒ်’ အမျိုးသားများ၏သတင်း၊ (နဗီတမန်တော်) ‘အစ်ဗ်ရာဟီမ်’၏ အမျိုးသားများ၏သတင်း၊’မဒ်ယန်’မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်၍ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများ နှင့်တကွရောက်ရှိလာခဲ့ကြလေသည်။ (သို့ရာတွင် ယင်းအမျိုးသားများသည် သွေဖည်ငြင်းဆန် မနာခံခဲ့ကြသည့်အတွက် ပျက်စီးဆုံးရှုံး၍သွားခဲ့ကြလေသည်။) စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ဤပျက်စီးမှု)၌ ၎င်းတို့အား မတရားသဖြင့် နှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ခဲ့ကြပေသတည်း။ |
Hashim Tin Myint ထို(မုနာဖိက်)များထံသို့ သူတို့မတိုင်မီရှိခဲ့ကြသောသူများ၏ (ပျက်စီးမှု)သတင်း၊ (ဥပမာ) (တမန်တော်)နူးဟ်၏အမျိုးသားများ၏သတင်း၊ အာဒ်အမျိုးသားများ၏သတင်း၊ ဆမူဒ်အမျိုးသားများ၏သတင်း၊ (တမန်တော်)အိဗ်ရာဟီမ်၏အမျိုးသားများ၏သတင်း၊ မဒ်ယန်မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်ပြီး ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းများသည် မရောက်ရှိခဲ့သလော။ သူတို့ထံသို့ သူတို့၏တမန်တော်များသည် ထင်ရှားသော သက်သေလက္ခဏာများနှင့်တကွ ရောက်ရှိလာခဲ့ကြသည် မဟုတ်လော။ (သို့ရာတွင် သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အတွက် ပျက်စီးခဲ့ကြသည်၊) ထို့နောက် အလ္လာဟ်အရှင်မြတ်သည် (ဤပျက်စီးမှု၌) သူတို့အား မတရားနှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် သူတို့ကိုယ်တိုင်သူတို့ နှိပ်စက်ခဲ့ကြခြင်းပင်ဖြစ်သည်။ |