Quran with Burmese translation - Surah At-Taubah ayat 88 - التوبَة - Page - Juz 10
﴿لَٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ جَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ وَأُوْلَٰٓئِكَ لَهُمُ ٱلۡخَيۡرَٰتُۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴾
[التوبَة: 88]
﴿لكن الرسول والذين آمنوا معه جاهدوا بأموالهم وأنفسهم وأولئك لهم الخيرات وأولئك﴾ [التوبَة: 88]
Ba Sein ၈၈။ သို့သော်တမန်တော်နှင့် တမန်တော်အား ယုံကြည်သူတို့သည် မိမိတို့အသက်စည်းစိမ်ဥစ္စာများအားဖြင့် ကြိုးစား ကြ၏။ဤလူများသည် သူတို့အတွက် ကောင်းကြီးမင်္ဂလာတော်များရှိသောလူများဖြစ်ကြ၏။ဤလူများသည် အောင်မြင်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint သို့ရာတွင် တမန်တော်မြတ်နှင့် ၎င်းတမန်တော်နှင့်အတူ အီမာန်ယုံကြည်ကြသူများကမူ သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ခဲ့ကြသည်။* ၎င်းနောက် သူတို့အတွက်ပင် ကောင်းခြင်းများရှိသည်။ ထို့ပြင် သူတို့ပင် အောင်မြင်သူများဖြစ်ကြသည်။ |