×

ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက်ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည်ငြင်းပယ်ကြသောသူတို့သည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် 98:1 Burmese translation

Quran infoBurmeseSurah Al-Bayyinah ⮕ (98:1) ayat 1 in Burmese

98:1 Surah Al-Bayyinah ayat 1 in Burmese (البورمية)

Quran with Burmese translation - Surah Al-Bayyinah ayat 1 - البَينَة - Page - Juz 30

﴿لَمۡ يَكُنِ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ مُنفَكِّينَ حَتَّىٰ تَأۡتِيَهُمُ ٱلۡبَيِّنَةُ ﴾
[البَينَة: 1]

ရှေးကျမ်းရပုဂ္ဂိုလ်များနှင့် အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့များကို အရှင့်ပြိုင်ဘက်ကိုးကွယ်ရာအဖြစ် အယူထားကိုးကွယ်ကြသူတို့အနက်မှ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်ကို မယုံကြည်ငြင်းပယ်ကြသောသူတို့သည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်များ ရောက်လာသည်အထိ (သူတို့၏မိရိုးဖလာယုံကြည်မှုနှင့်) မိစ္ဆာဒိဌိအား လိုက်နာနေခြင်းအား အလျှင်း စွန့်လွှတ် ပစ်ပယ်ခဲ့ကြသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: لم يكن الذين كفروا من أهل الكتاب والمشركين منفكين حتى تأتيهم البينة, باللغة البورمية

﴿لم يكن الذين كفروا من أهل الكتاب والمشركين منفكين حتى تأتيهم البينة﴾ [البَينَة: 1]

Ba Sein
၁။ ရှေးကျမ်းတော်ရသူများနှင့် ဆင်းတုဝါဒီတို့သည် မိမိတို့ထံသို့ ထင်ရှားသောသက်သေခံချက် ကျရောက်လာသည့် တိုင်အောင် မိမိတို့အယူဝါဒများကို စွန့်လွှတ်ကြမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ရှေးအထက်ကျမ်းဂန်ကို ရရှိခဲ့ကြသောသူတို့ အနက်မှလည်းကောင်း၊ မွရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြသူတို့ အနက်မှလည်းကောင်း၊ သွေဖည် ငြင်းပယ်သောသူတို့မှာမူကား၊ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက ရောက်ရှိလာခြင်း မရှိသမျှကာလပတ်လုံး (မိမိတို့၏ မမှန်ကန်သောအယူဝါဒမှ) စွန့်ခွာကြမည့်သူများ မဟုတ်ခဲ့ကြပေ။
Hashim Tin Myint
ယခင်ကကျမ်းရရှိခဲ့ကြ‌သောသူများထဲမှနှင့်၊ မုရှ်ရိက် များထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓက‌ရောက်ရှိမလာသမျှ (သူတို့၏အမှားအယူအဆများမှ)စွန့်ခွာကြမည့်သူများမဟုတ်ခဲ့ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek