×

အမှန်စင်စစ်သော်ကား မည်သူမဆို သူသည် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေး လမ်းစဉ်ပါသည့်) အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချရန် လိမ်လည်ကြံစည်ဖန်တီးသူထက် 61:7 Burmese translation

Quran infoBurmeseSurah As-saff ⮕ (61:7) ayat 7 in Burmese

61:7 Surah As-saff ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah As-saff ayat 7 - الصَّف - Page - Juz 28

﴿وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُوَ يُدۡعَىٰٓ إِلَى ٱلۡإِسۡلَٰمِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[الصَّف: 7]

အမှန်စင်စစ်သော်ကား မည်သူမဆို သူသည် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေး လမ်းစဉ်ပါသည့်) အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချရန် လိမ်လည်ကြံစည်ဖန်တီးသူထက် ပိုမို၍ အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသောသူ မည်သူ ရှိမည်နည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မမူချေ။

❮ Previous Next ❯

ترجمة: ومن أظلم ممن افترى على الله الكذب وهو يدعى إلى الإسلام والله, باللغة البورمية

﴿ومن أظلم ممن افترى على الله الكذب وهو يدعى إلى الإسلام والله﴾ [الصَّف: 7]

Ba Sein
၇။ အလ္လာဟ်အရှင်မြတ်အား မဟုတ်မမှန် လုပ်ကြံစွပ်စွဲသော သူတို့ထက် သာလွန်ဆိုးယုတ်သော ဒုစရိုက်ကောင်သည် အဘယ်မှာလျှင်ရှိတော့အံ့နည်း၊ အရှင်မြတ်သည် လူသားတို့အား အစ္စလာမ်တရားတော်သို့ ခေါ်တော်မူ၏၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်ကောင်များအား လမ်းပြတော်မမူချေ။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။
Hashim Tin Myint
ထို့ပြင် မိမိကိုယ်တိုင်အစ္စလာမ် ဘက်သို့ ဖိတ်‌ခေါ်ခြင်းခံရပါလျက်အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလိမ်လည် စွပ်စွဲသူထက် ပိုမိုမတရားသူ မည်သူရှိ‌သေးသနည်း။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် မတရား‌သော လူမျိုးများအား တရားလမ်းမှန်သို့ ‌ရောက်‌စေ‌တော်မမူ‌ပေ။ ###၄
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek