×

ထို့ပြင် (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ဧကန်မုချပင်၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင် ရစူလ်တမန်တော်ဖြစ် 61:5 Burmese translation

Quran infoBurmeseSurah As-saff ⮕ (61:5) ayat 5 in Burmese

61:5 Surah As-saff ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah As-saff ayat 5 - الصَّف - Page - Juz 28

﴿وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ لِمَ تُؤۡذُونَنِي وَقَد تَّعۡلَمُونَ أَنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡۖ فَلَمَّا زَاغُوٓاْ أَزَاغَ ٱللَّهُ قُلُوبَهُمۡۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴾
[الصَّف: 5]

ထို့ပြင် (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ဧကန်မုချပင်၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင် ရစူလ်တမန်တော်ဖြစ် ကြောင်း၊ သင်တို့ သိနေကြပါလျက် အဘယ့်ကြောင့် ကျွန်ုပ်အား (စော်ကားလျက် ထိခိုက်နစ်နာအောင်လုပ်၍) ဒုက္ခပေးနေကြသနည်း။” ဟု ပြောကြားခဲ့စဥ်ကိုလည်းကောင်း၊ (အရှင်မြတ်က တမန်တော်မူဆာအား) ထိုသို့ဖြင့် သူတို့သည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော တရားလမ်းမှန်မှ ကွေးကောက်) လွဲချော်၍ လမ်းမှား ရောက်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးသားကို လွဲချော်မှောက်မှားစေတော်မူခဲ့ကြောင်း (ကို သတိရကြလော့)။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وإذ قال موسى لقومه ياقوم لم تؤذونني وقد تعلمون أني رسول الله, باللغة البورمية

﴿وإذ قال موسى لقومه ياقوم لم تؤذونني وقد تعلمون أني رسول الله﴾ [الصَّف: 5]

Ba Sein
၅။ အို-တမန်တော်၊ တမန်တော်မူစာ၏ အကြောင်းကို သင်သတိရလော့၊ တမန်တော်မူစာသည် မိမိအမျိုးသား တို့အား ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့ထံ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်စင်စစ်ဖြစ်ကြောင်းကို သင်တို့တပ်အပ် သေချာသိကြလျက် သင်တို့သည် အကျွနု်ပ်ကို အဘယ်ကြောင့်နှိပ်စက် ကြသနည်း၊ ထို့ကြောင့်သူတို့သည် မိစ္ဆာလမ်းကို လိုက်သွားသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးကို လမ်းလွဲသွားစေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုတွင် နစ်မြုပ်သူတို့ကို လမ်းပြတော် မမူချေ။
Ghazi Mohammad Hashim
၎င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) "မူစာ"သည် မိမိ အမျိုးသားတို့အား "အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့်အတွက်ကြောင့် အသင်တို့သည် ငါ့အား ဒုက္ခပေးကြသနည်း"ဟု ပြောကြားခဲ့လေ၏။ သို့ပါလျက် ၎င်းတို့သည် လွဲချော် မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးကို လွဲချော် မှောက်မှားစေတော်မူခဲ့၏။ အမှန်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောလူမျိုးအား လမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျို းသားများအား “အို-ငါ၏ အမျိုးသားတို့၊ ငါသည်အသင်တို့ထံသို့(‌စေလွှတ်ခံရသည့်)အလ္လာဟ်အရှင်မြတ်၏တမန်‌တော် အမှန်ဖြစ်‌ကြောင်း အမှန်ပင်အသင်တို့သိရှိပြီးဖြစ်ကြပါလျက်နှင့် အဘယ့်‌ကြောင့်အသင်တို့သည်ငါ့အား ဒုက္ခ‌ပေးကြသနည်း”ဟု‌ပြောကြားခဲ့သည်။###၂ ထို့‌နောက်သူတို့သည် လွဲ‌ချော်ခဲ့ကြ‌သောအခါ အလ္လာဟ်အရှင်မြတ်သည်သူတို့၏စိတ်နှလုံးများအား လွဲ‌ချော်‌မှောက်မှား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည် သည့်လူမျိုးများအား လမ်းမှန်ကို ‌ရောက်‌စေ‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek