Quran with Burmese translation - Surah Yunus ayat 11 - يُونس - Page - Juz 11
﴿۞ وَلَوۡ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسۡتِعۡجَالَهُم بِٱلۡخَيۡرِ لَقُضِيَ إِلَيۡهِمۡ أَجَلُهُمۡۖ فَنَذَرُ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴾
[يُونس: 11]
﴿ولو يعجل الله للناس الشر استعجالهم بالخير لقضي إليهم أجلهم فنذر الذين﴾ [يُونس: 11]
Ba Sein ၁၁။ လူသားတို့သည် ကောင်းကျိုးကို မြန်မြန်ဆန်ဆန်သိမ်းယူသကဲ့သို့ အလ္လာဟ်အရှင်မြတ်သည် သူတို့ရထိုက်သော အပြစ်ဒဏ်ကို မြန်စေတော်မူလျှင် သူတို့၏ အပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားသောအချိန်သည် ကုန်လွန်ပေလိမ့်မည်။ သို့သော်ငါအရှင်မြတ်သည် ငါ့အား မျက်ဝါးထင်ထင်တွေ့မြင်ဖူးမျှော်ရမည်ကို မမျှော်လင့်သောသူတို့ကို ဆင်ကန်း တောတိုးသကဲ့သို့ ၎င်းတို့၏ ထောင်ထားခြားနားခြင်း၌ တောတိုးရန် လွှတ်ထားတော်မူ၏။ |
Ghazi Mohammad Hashim ၎င်း ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ ၎င်း တို့အကောင်းကို အလျင်အမြန်တောင်းဆိုသကဲ့သို့ အဆိုးကို ပို့ဆောင်(သက်ရောက်) စေတော်မူပါလျှင် ၎င်း တို့၏သက်တမ်းသည် မုချ အဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင်မြတ် နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်း တို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ သူတို့၏အကောင်းကို အလျင်စလို တောင်းဆိုသကဲ့သို့ အဆိုးကို အလျင်စလိုပြုလုပ်ပေးတော်မူလျှင် သူတို့ကို ပေးထားသော စောင့်ဆိုင်းချိန်သည် အမှန်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လိမ့်မည်။* သို့ဖြစ်ရာ ငါအရှင်မြတ်သည် ငါအရှင်မြတ်နှင့် တွေ့ဆုံမှုကို မမျှော်လင့်သူများအား သူတို့၏ဆိုးသွမ်းမောက်မာမှုထဲ၌ပင် တဝဲလည်လည် ဖြစ်နေကြရန်အတွက် စွန့်ပစ်ထားတော်မူသည်။ |