Quran with Burmese translation - Surah Yunus ayat 12 - يُونس - Page - Juz 11
﴿وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمٗا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرّٖ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ ﴾
[يُونس: 12]
﴿وإذا مس الإنسان الضر دعانا لجنبه أو قاعدا أو قائما فلما كشفنا﴾ [يُونس: 12]
Ba Sein ၁၂။ အကယ်၍ လူသားသည် ဘေးဒုက္ခတွေ့ကြံုသောအခါ ငါ့အထံတော်၌ လျောင်း၍သော်လည်းကောင်း၊ ထိုင်၍ သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ ဆုတောင်းပန်ထွာ၏။ သို့သော်ငါသည် သူ့ကို ဒုက္ခမှ ကယ်နှုတ် တော်မူသောအခါ သူသည် ငါ့အား သူ့ကို ဘေးမှ ကယ်နှုတ်တော်မူရန် ဆုမတောင်းလေသကဲ့သို့ သွားမြဲလမ်းကို သွား၏။ တရားတော်ကို ကျူးလွန်သောသူတို့သည် မိမိတို့ကျင့်ကြံမှုများကို ဤသို့မင်္ဂလာရှိသည်ဟု ထင်မှတ် ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။ |
Hashim Tin Myint ထို့ပြင် လူသား၌ ဒုက္ခရောက်သောအခါ သူသည် ငါအရှင်မြတ်ကို လဲလျောင်းလျက် သို့မဟုတ် ထိုင်လျက် သို့မဟုတ် ရပ်လျက် ဟစ်ခေါ်သည်။ ထို့နောက် ငါအရှင်မြတ်သည် သူ၏ဒုက္ခကို ဖယ်ရှားတော်မူလိုက်သောအခါ သူသည် ငါအရှင်မြတ်အား သူ့တွင်ရောက်ခဲ့သည့်ဒုက္ခအတွက် (တစ်ကြိမ်မှ)မဟစ်ခေါ်ခဲ့ သကဲ့သို့ဖြစ်သွားသည်။* ဤသို့ပင် စည်းဖောက်သူများအတွက် သူတို့ပြုလုပ်နေခဲ့ကြသည့်အရာ (မကောင်းမှု)များသည် လှပ(သည့် သဏ္ဍာန်ဖြစ်ရှိ)စေရန် တန်ဆာဆင်မြန်းခြင်းခံရသည်။ |