Quran with Burmese translation - Surah Yunus ayat 10 - يُونس - Page - Juz 11
﴿دَعۡوَىٰهُمۡ فِيهَا سُبۡحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمۡ فِيهَا سَلَٰمٞۚ وَءَاخِرُ دَعۡوَىٰهُمۡ أَنِ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ﴾
[يُونس: 10]
﴿دعواهم فيها سبحانك اللهم وتحيتهم فيها سلام وآخر دعواهم أن الحمد لله﴾ [يُونس: 10]
Ba Sein ၁၀။ ဥယျာဉ်တော်အတွင်း၌ သူတို့သည် အို-အလ္လာဟ်အရှင်၊ အရှင်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏ဟု ဆုတောင်းကြ လိမ့်မည်။ သူတို့သည် အချင်းချင်းအေးချမ်းသာယာခြင်းသက်ရောက်ပါစေသောဟု နှုတ်ဆက်မေတ္တာပို့ကြလိမ့် မည်။ သူတို့သည် မိမိတို့၏ ဆုတောင်းဒဏ်ကို စကြဝဠာအပေါင်းတို့၏ အရှင်သခင်အလ္လာဟ်အရှင်သည် ချီးမြှင့်ခြင်းတည်ရာဖြစ်တော်မူ၏ဟု ဥဒါန်းရင့်ကျူးခြင်းဖြင့် အဆုံးသတ်ကြလိမ့်မည်။ |
Ghazi Mohammad Hashim ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။ |
Hashim Tin Myint ထို(သုခဘုံ ဥယျာဉ်များ)၌ သူတို့၏စကားသည် “အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူပါသည်“ဟု ဖြစ်ပြီး၊ ထိုအထဲ၌ သူတို့၏နှုတ်ခွန်းဆက်သခြင်းသည် “စလာမ် ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ“ဟု ဖြစ်မည်။ ၎င်းနောက် သူတို့၏နောက်ဆုံး(နိဂုံးချုပ်)စကားသည် “ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်“ဟူ၍ ဖြစ်မည်။ |