Quran with Burmese translation - Surah Yunus ayat 20 - يُونس - Page - Juz 11
﴿وَيَقُولُونَ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۖ فَقُلۡ إِنَّمَا ٱلۡغَيۡبُ لِلَّهِ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ﴾
[يُونس: 20]
﴿ويقولون لولا أنـزل عليه آية من ربه فقل إنما الغيب لله فانتظروا﴾ [يُونس: 20]
Ba Sein ၂၀။ သူတို့သည် သူတို့၏ အရှင်သခင်က သူ့ထံသို့ သက်သေသာဓကတစ်ပါးချပေးတော်မူပါလျှင် ကောင်းလေစွဟု ပြောကြ၏။ အို-မိုဟမ္မဒ်၊ သင်ဟောကြားလော့၊ မမြင်စွမ်းနိုင်သောအရာများသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်ဖြစ်၏။ ထို့ကြောင့်စောင့်ဆိုင်းလော့၊ အကျွနု်ပ်လည်း သင်တို့နှင့်အတူ အမှန်ပင်စောင့်ဆိုင်းနေ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့က ပြောဆိုကြသည်- အဘယ့်ကြောင့် ၎င်း(တမန်တော်)၏အပေါ်တွင် ၎င်း၏အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ခု မကျရောက်ခဲ့သနည်း။ သို့ဖြစ်ရာ (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အမှန်စင်စစ် အကွယ်၌ရှိသမျှကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် စောင့်မျှော်ပြီးနေကြပါ။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သည်။ |