Quran with Burmese translation - Surah Yunus ayat 19 - يُونس - Page - Juz 11
﴿وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةٗ وَٰحِدَةٗ فَٱخۡتَلَفُواْۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡ فِيمَا فِيهِ يَخۡتَلِفُونَ ﴾
[يُونس: 19]
﴿وما كان الناس إلا أمة واحدة فاختلفوا ولولا كلمة سبقت من ربك﴾ [يُونس: 19]
Ba Sein ၁၉။ လူသားအပေါင်းတို့သည် တမျိုးစုတစုတည်းသာဖြစ်ကြ၏။ ထို့နောက်သူတို့သည် ကွဲပြားခြားနားကြ၏။ သင်၏ အရှင်သခင်ကသာ ဗျာဒိတ်ချတော်မမူခဲ့ပါလျှင် သူတို့၏ ဝိဝါဒကွဲပြားမှုကို စစ်ကြောဆုံးဖြတ်တော်မူပြီးလိမ့်မည်။ |
Ghazi Mohammad Hashim စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။ |
Hashim Tin Myint ထို့ပြင် လူသားများသည် (ယခင်က အယူဝါဒတူညီသော)အုပ်စုတစ်ခုတည်းပင် ဖြစ်ခဲ့ကြသည်။ ထို့နောက် သူတို့သည် (အယူဝါဒ)ကွဲလွဲမှုဖြစ်ခဲ့ကြသည်။* ထို့နောက် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ စကားတစ်ခုသည် ရှေးယခင်ကတည်းက ရှိနှင့်ခဲ့ပြီး မဟုတ်လျှင် အမှန်စင်စစ် သူတို့ အချင်းချင်း သဘောထားကွဲလွဲနေသောအရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ |