×

(တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူတို့အား “သင်တို့နှင့် သင်တို့က တုပြိုင်တွဲဖက်၍ ကိုးကွယ်ခံရသော 10:28 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:28) ayat 28 in Burmese

10:28 Surah Yunus ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 28 - يُونس - Page - Juz 11

﴿وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ ﴾
[يُونس: 28]

(တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူတို့အား “သင်တို့နှင့် သင်တို့က တုပြိုင်တွဲဖက်၍ ကိုးကွယ်ခံရသော အရာများသည် သင်တို့၏အခြေအနေနှင့်အနေအထိုင်အတိုင်း သင်တို့နေကြလော့။” ဟု မိန့်တော်မူမည်။ ထို့နောက် သူတို့အား သီးခြားစီခွဲထားတော်မူမည်။ (ထိုစဉ်) တုပြိုင်တွဲဖက်၍ ကိုးကွယ်ခြင်းခံရသောအရာများက (လောကီဘဝ၌ ယင်းတို့ကို ယုံကြည်ကိုးကွယ်ခဲ့ကြသူတို့အား) “သင်တို့သည် ကျွန်ုပ်တို့ကိုသာလျှင် ကိုးကွယ်ခဲ့ကြသည် မဟုတ်ပေ။” ဟု ပြောဆိုကြလိမ့်မည်။

❮ Previous Next ❯

ترجمة: ويوم نحشرهم جميعا ثم نقول للذين أشركوا مكانكم أنتم وشركاؤكم فزيلنا بينهم, باللغة البورمية

﴿ويوم نحشرهم جميعا ثم نقول للذين أشركوا مكانكم أنتم وشركاؤكم فزيلنا بينهم﴾ [يُونس: 28]

Ba Sein
၂၈။ ငါအရှင်မြတ်သည် သူတို့အားလုံးကို အတူတကွစုဆောင်းတော်မူသောနေ့တော်ကြီး၌ ငါနှင့်ဘုရားများကို တွဲထား သူတို့အား သင်တို့နှင့်သင်တို့၏ ဘုရားပျက်တို့သည် နောက်ဆုတ်ကြလော့ဟု မိန့်တော်မူမည်၊ ငါသည် သူ တို့ကို ခွဲခြာထားတော်မူ၏။ ဘုရားများက သင်တို့သည် အကျွနု်ပ်တို့ကို မကိုးကွယ်ကြပေဟု ပြောဆိုကြ၏။
Ghazi Mohammad Hashim
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။
Hashim Tin Myint
ထို့ပြင် အကြင်‌နေ့၌ ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် ရှိရ်ရိက် တုဖက်ကိုးကွယ်ခဲ့‌သောသူများအား အမိန့်ရှိ‌တော်မူမည်- “အသင်တို့နှင့် အသင်တို့ တုဖက်ကိုးကွယ်ခဲ့‌သောအရာများသည် (သတ်မှတ်ထား‌သော)‌နေရာ၌ပင် (ရပ်‌နေကြပါ)“။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အချင်းချင်း ဝိဝါဒ ကွဲလွဲ‌စေ‌တော်မူမည်။ (ထိုအခါ) သူတို့တွဲဖက်ကိုးကွယ်ခဲ့ကြ‌သော အရာများက “အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek