×

မကောင်းမှုဒုစရိုက်များကို ရှာဖွေဆည်းပူးကြသူတို့သည်ကား (သူတို့ပြုမူကျင့်ကြံသော) မကောင်းမှုအကုသိုလ်နှင့်ထပ်တူထပ်မျှ (ညီမျှသော ပြစ်ဒဏ်ကို အကျိုးဆက်အဖြစ်) ပေးဆပ်ရမည်ဖြစ်ပြီး လူဘုံအလယ်တွင်လည်း အရှက်ကွဲခံရမည် ဖြစ်သောကြောင့် သူတို့၏မျက်နှာများကို 10:27 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:27) ayat 27 in Burmese

10:27 Surah Yunus ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 27 - يُونس - Page - Juz 11

﴿وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٞۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٖۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعٗا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴾
[يُونس: 27]

မကောင်းမှုဒုစရိုက်များကို ရှာဖွေဆည်းပူးကြသူတို့သည်ကား (သူတို့ပြုမူကျင့်ကြံသော) မကောင်းမှုအကုသိုလ်နှင့်ထပ်တူထပ်မျှ (ညီမျှသော ပြစ်ဒဏ်ကို အကျိုးဆက်အဖြစ်) ပေးဆပ်ရမည်ဖြစ်ပြီး လူဘုံအလယ်တွင်လည်း အရှက်ကွဲခံရမည် ဖြစ်သောကြောင့် သူတို့၏မျက်နှာများကို (လူတို့မှ ရှောင်ကြဉ်ရန်) ဖုံးကွယ်ကြလိမ့် မည်။ သူတို့အား အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ ကာကွယ်နိုင်မည့်သူဟူ၍လည်း မည်သူ တစ်ဦး တစ်ယောက်မျှ မရှိချေ။ သူတို့၏မျက်နှာများသည် (မကောင်းမှုဒုစရိုက်များလုပ်ခြင်းကြောင့် မလုံမလဲဖြစ်လျက်) မည်းမှောင်နေသော ညမှ အမည်းစက်၊ အမည်းပြောက်များကဲ့သို့ပင် ဖုံးကွယ်ထားခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြပြီး ထို (ငရဲဘုံ) ထဲ၌ပင် အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားရလိမ့်မည်။

❮ Previous Next ❯

ترجمة: والذين كسبوا السيئات جزاء سيئة بمثلها وترهقهم ذلة ما لهم من الله, باللغة البورمية

﴿والذين كسبوا السيئات جزاء سيئة بمثلها وترهقهم ذلة ما لهم من الله﴾ [يُونس: 27]

Ba Sein
၂၇။ အကုသိုလ်မကောင်းမှုများကို ပြုကျင့်သူတို့အတွက် မိမိပြုကျင့်သောအကုသိုလ်မှုနှင့်မျှတသောအပြစ်သာရှိ၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်သူမရှိပေ။ သူတို့၏ မျက်နှာသည် အလွန်မှောင်မိုက်သောညဉ့်၏ အမှောင်ထုဖုံးလွှမ်းအုပ်ထားသကဲ့သို့ အိန္ဒြေကင်းမဲ့မည်းနက်လျက်ရှိ၏။ သူတို့သည် အဝီစိငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်၍ ငရဲအတွင်း၌ ခံစားနေထိုင်ကြလိမ့်မည်။
Ghazi Mohammad Hashim
သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သောသူတို့မူကား (၎င်း တို့ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏အကျိုးသည် ထိုမကောင်းမှုနှင့်ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း ၎င်း တို့အား ဖုံးလွှမ်းမည်ဖြစ်သည်။၎င်း တို့အား အလ္လာဟ်အရှင်မြတ်၏(ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း တို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည်ငရဲသားများ ဖြစ်ကြပေသည်။ ၎င်း တို့သည် ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် မ‌ကောင်းမှုပြုလုပ်သူများအတွက် မ‌ကောင်းမှု၏အကျိုးသည် ထိုမ‌ကောင်းမှုနှင့် ညီတူညီမျှပင်ဖြစ်သည်။* ထို့ပြင် ‌သေးသိမ်မှုသည်လည်း သူတို့အား ဖုံးလွှမ်းမည်ဖြစ်သည်။ သူတို့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကယ်တင်မည့်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။ သူတို့၏မျက်နှာများကမူ မဲ‌မှောင်‌နေ‌သောည၏ အပိုင်းအစများနှင့် ဖုံးအုပ်ထားသကဲ့သို့ ရှိကြမည်။ သူတို့သည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ငရဲဘုံတွင် အမြဲ‌နေထိုင်ကြရမည့်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek