×

“သင်တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်မှ စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များကို) မည်သူက ထောက်ပံ့ (ဖြည့်ဆည်း) ပေးနေသနည်း။ သို့မဟုတ် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည် တို့ကို 10:31 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:31) ayat 31 in Burmese

10:31 Surah Yunus ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 31 - يُونس - Page - Juz 11

﴿قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ ﴾
[يُونس: 31]

“သင်တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်မှ စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များကို) မည်သူက ထောက်ပံ့ (ဖြည့်ဆည်း) ပေးနေသနည်း။ သို့မဟုတ် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည် တို့ကို မည်သူ စိုးပိုင်သနည်း။ ထို့ပြင် သက်မဲ့မှ သက်ရှိဖြစ်ပေါ်ပေါ်ထွန်းစေခြင်းကိုလည်းကောင်း သက်ရှိမှသက် မဲ့ဖြစ်စေခြင်းကိုလည်းကောင်း၊ မည်သူက ထိန်းချုပ်ထားသနည်း။ (စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများ လှည့်ပတ်သွားလာလှုပ်ရှားခြင်း၊ လေဖိအား၊ အပူ၊ အအေး၊ နေ့၊ ည၊ သိပ်သည်းမှု၊ ဆွဲငင်မှု၊ တွန်းကန်မှု စသည့်) အကြောင်းကိစ္စရပ်ဟူသမျှကို မည်သူက (စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍) ထိန်းချုပ်စိုးပိုင်သနည်း။” ဟု မေးမြန်းလော့။ ထိုအခါ သူတို့က “(အရာရာကို စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍ ထိန်းချုပ်စိုးပိုင်ထားသူမှာ) အလ္လာဟ်အရှင် မြတ်ပင် ဖြစ်ပါသည်။” ဟု ဖြေဆိုကြလိမ့် မည်။ သို့ဖြစ်ပေရာ (သူတို့အား) “သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြမည်လော” ဟု မေးမြန်းလော့။

❮ Previous Next ❯

ترجمة: قل من يرزقكم من السماء والأرض أمن يملك السمع والأبصار ومن يخرج, باللغة البورمية

﴿قل من يرزقكم من السماء والأرض أمن يملك السمع والأبصار ومن يخرج﴾ [يُونس: 31]

Ba Sein
၃၁။ အို-မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့။ သင်တို့အား မိုးကောင်းကင်နှင့် မဟာမြေကြီးမှ စားနပ် ရိက္ခာကို အဘယ်သူပေးသနည်း၊ ကြားခြင်း၊ မြင်ခြင်းဂုဏ်ကို အဘယ်သူအစိုးရသနည်း။ အဘယ်သူသည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းသနည်း၊ သက်ရှိကို သက်မဲ့ဖြစ်စေသနည်း၊ ခပ်သိမ်းကုန်အပေါင်းတို့ကို အဘယ်သူ သည် ညွှန်ကြားအုပ်ချုပ်သနည်း၊ သူတို့က အလ္လာဟ်အရှင်မြတ်ဟု ပြန်ပြောကြလိမ့်မည်။ ထိုအခါဟောကြား လော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြမည်မဟုတ်လော။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့ကို မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ စားနပ်ရိက္ခာကို မည်သူ‌ထောက်ပံ့သနည်း။ သို့မဟုတ် ကြားခြင်းနှင့်မြင်ခြင်းများကို မည်သူ စိုးပိုင်သနည်း။ ၎င်း‌နောက် မည်သူက သက်ရှိကို သက်မဲ့ထဲမှ ထွက်‌စေပြီး သက်မဲ့ကိုသက်ရှိထဲမှ ထွက်‌စေသနည်း။ ထို့ပြင် မည်သူသည် ကိစ္စဟူသမျှကို စီမံခန့်ခွဲသနည်း“။ သူတို့က “အလ္လာဟ်အရှင်မြတ်“ဟူ၍ အမှန်ပင် ‌ပြောကြလိမ့်မည်။ ထို့အတွက် အသင်‌ပြောလိုက်ပါ- “သို့ဖြစ်ပါလျက် အသင်တို့သည် (တွဲဖက်ကိုးကွယ်ခြင်းမှ) မ‌ရှောင်ကြဉ်ကြ‌လေသ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek