×

“အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏) မူလဇစ်မြစ်ကို အဦးဆုံး စတင်ဖွဲ့စည်းဖြစ်တည်စေပြီးနောက် ယင်းကို ထပ်ဆင့်တိုးပွားစေနိုင်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” 10:34 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:34) ayat 34 in Burmese

10:34 Surah Yunus ayat 34 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 34 - يُونس - Page - Juz 11

﴿قُلۡ هَلۡ مِن شُرَكَآئِكُم مَّن يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥۚ قُلِ ٱللَّهُ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥۖ فَأَنَّىٰ تُؤۡفَكُونَ ﴾
[يُونس: 34]

“အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏) မူလဇစ်မြစ်ကို အဦးဆုံး စတင်ဖွဲ့စည်းဖြစ်တည်စေပြီးနောက် ယင်းကို ထပ်ဆင့်တိုးပွားစေနိုင်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” ဟု မေးမြန်းလော့၊ အလ္လာဟ်အရှင်မြတ်သာလျှင် မူလဇစ်မြစ်ကို စတင် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်းကို ထပ်မံတိုးပွားဖြစ်ပေါ်စေတော်မူ (လူ သားတို့အမည်ထားသော သဘာဝနိယာမတရားခေါ် အရှင့်နိယာမတရားများ၌ သင်တို့ စူးစမ်းတွေ့ရှိနိုင်) ၏။ သို့ပါလျက် သင်တို့သည် (အဘယ်ကြောင့် သဘာဝတရား သို့မဟုတ် အလိုအလျောက်ဖြစ်သောအရာဟူ၍ မှားယွင်းစွာ ကြွေးကြော်လျက် အမှန်တရားမှ သွေဖည်၍) မည်သို့ လှည့်စားခြင်းခံရသနည်း။” ဟု ဖြေကြားလော့။

❮ Previous Next ❯

ترجمة: قل هل من شركائكم من يبدأ الخلق ثم يعيده قل الله يبدأ, باللغة البورمية

﴿قل هل من شركائكم من يبدأ الخلق ثم يعيده قل الله يبدأ﴾ [يُونس: 34]

Ba Sein
၃၄။ ဟောကြားလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်သောဘုရားများအနက် ဖန်ဆင်းခြင်း နှင့် ထပ်မံဖန်ဆင်းခြင်းတို့ကို ပြုစွမ်းနိုင်သောဘုရားတုရှိသလော၊ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းကို ပြုတော်မူ၏။ ထို့နောက်တဖန်ပြန်ပြုတော်မူ၏။ ယင်းသို့ဖြစ်ပါလျက် သင်တို့သည် အဘယ် ကြောင့်လမ်းမှားကို အပြုခံကြရသနည်း။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောဆို(‌မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ အဖန်ဆင်းခံများကို စတင်ဖန်ဆင်းပြီး (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ် ပြန်ရှင်ပြန်ထ‌အောင်ဖန်ဆင်းမည့်သူ ရှိပါသ‌လော။“ အသင်ကပင်(ပြန်)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် စတင်ဖန်ဆင်း‌တော်မူသည်။ (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ်လည်း အရှင်မြတ်ပင် ပြန်လည်ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။“ ထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek