Quran with Burmese translation - Surah Yunus ayat 35 - يُونس - Page - Juz 11
﴿قُلۡ هَلۡ مِن شُرَكَآئِكُم مَّن يَهۡدِيٓ إِلَى ٱلۡحَقِّۚ قُلِ ٱللَّهُ يَهۡدِي لِلۡحَقِّۗ أَفَمَن يَهۡدِيٓ إِلَى ٱلۡحَقِّ أَحَقُّ أَن يُتَّبَعَ أَمَّن لَّا يَهِدِّيٓ إِلَّآ أَن يُهۡدَىٰۖ فَمَا لَكُمۡ كَيۡفَ تَحۡكُمُونَ ﴾
[يُونس: 35]
﴿قل هل من شركائكم من يهدي إلى الحق قل الله يهدي للحق﴾ [يُونس: 35]
Ba Sein ၃၅။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ သင်တို့ကိုးကွယ်သောဘုရားတုများမှာ သစ္စာတရားတော်ကို ညွှန်ပြနိုင်သူတစုံတယောက်ရှိသလော၊ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သာလျှင် သစ္စာတရားတော်ကို ညွှန်ပြတော်မူ၏၊ အရှင်မြတ်ကိုသာလျှင် လိုက်နာဆောင်ရွက်ထိုက်သလော၊ သို့မဟုတ်မိမိကို လမ်းပြသူမရှိပဲ လမ်းမှန်ကို မတွေ့နိုင်သောသူကိုသာ လိုက်နာထိုက်သလော၊ သင်တို့ဘာရောဂါစွဲကြသနည်း။ သင်တို့ဘယ်လို ချင့်ချိန်ကြသနည်း။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အား)အသင်တို့၊ (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသူအသင်တို့တွင် မှန်ကန်ရာသို့ လမ်းညွှန်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလေသလောဟု မေးမြန်းပါလေ။ (တစ်ဖန်)အသင်ကပင် (၎င်း တို့အားဤသို့)ပြန်၍ ပြောကြားပါလေ။အလ္လာဟ်အသျှင်မြတ်ပင် မှန်ကန်ရာသို့ လမ်းညွှန်တော်မူ၏။သို့ဖြစ်ပေရာ မှန်ကန်ရာသို့ လမ်းညွှန်တော် မူသောအရှင်မြတ်သည် လိုက်နာခြင်းကို ပို၍ခံထိုက်တော်မူပါသလော၊ သို့ တည်းမဟုတ် မိမိကိုယ်တိုင် လမ်းညွှန်ခြင်းကို မခံရက မှန်ကန်သောတရားလမ်း ကို မရရှိသောသူသည် လိုက်နာခြင်းကိုပို၍ခံထိုက် လေသလော။ သို့ဖြစ်ပေရာ (ဤသည်တို့ကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ကြရန်) အသင်တို့တွင်မည်သည့် အကြောင်းရှိသနည်း။ အသင်တို့သည် မည်ကဲ့သို့ဆုံးဖြတ်ကြပါ သနည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောဆို(မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ မည်သူရှိသနည်း။“ အသင်ကပင်(ပြန်)ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် လမ်းမှန်ကို ညွှန်ကြားပြသတော်မူသည်။ သို့ဖြစ်ရာ လမ်းမှန်ကို ညွှန်ကြားပြသတော်မူသော အရှင်မြတ်သည် အမိန့်နာခံခြင်းကို ပိုခံထိုက်တော်မူပါသလော၊ သို့မဟုတ် ကိုယ်တိုင်လည်း လမ်းမှန်ကို ညွှန်ကြားပြသမခံရဘဲ မှန်ကန်သောလမ်းကို မရရှိနိုင်သောသူက အမိန့်နာခံခြင်းကို ပိုခံထိုက်ပါသလော။ သို့ဖြစ်ရာ (ဤအရာများကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်) အသင်တို့မှာ မည်သည့်အကြောင်းရှိသနည်း။ အသင်တို့သည် မည်သို့ ဆုံးဖြတ်ကြသနည်း။“ |