Quran with Burmese translation - Surah Yunus ayat 38 - يُونس - Page - Juz 11
﴿أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِسُورَةٖ مِّثۡلِهِۦ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ﴾
[يُونس: 38]
﴿أم يقولون افتراه قل فأتوا بسورة مثله وادعوا من استطعتم من دون﴾ [يُونس: 38]
Ba Sein ၃၈။ သို့မဟုတ် သူတို့က သူသည် ဤကျမ်းကို လုပ်ကြံဖန်တီး၏ဟု ဆိုကြသလော။ ဟောကြားလော့၊ သို့ဖြစ်ပါလျှင် သင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် အလားတူစူရာဟ်တစ်စောင်ကို စီကုန်းရေးသားကြလော့၊ အလ္လာဟ်အရှင် မြတ်တပါး သင်တို့ခေါ်နိုင်သူအားလုံးကို ကူညီဖို့ရာ ခေါ်ကြလော့။ |
Ghazi Mohammad Hashim ၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။ |
Hashim Tin Myint သူတို့က “၎င်း(တမန်တော်)သည် ထိုကုရ်အာန်ကို လုပ်ကြံဖန်တီးခဲ့သည်“ဟု ပြောဆိုကြသလော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- “သို့ဖြစ်လျှင် အသင်တို့သည် ထိုအရာနှင့်တူသော စူရဟ်ကဏ္ဍတစ်ခုကို (ရေးပြီး)ယူဆောင်လာခဲ့ကြပါ၊ ထို့ပြင် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ခေါ်ယူနိုင်ကြသော (ကူညီမည့်)သူများကိုလည်း ခေါ်ယူခဲ့ကြပါ။“ |