Quran with Burmese translation - Surah Yunus ayat 46 - يُونس - Page - Juz 11
﴿وَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا مَرۡجِعُهُمۡ ثُمَّ ٱللَّهُ شَهِيدٌ عَلَىٰ مَا يَفۡعَلُونَ ﴾
[يُونس: 46]
﴿وإما نرينك بعض الذي نعدهم أو نتوفينك فإلينا مرجعهم ثم الله شهيد﴾ [يُونس: 46]
Ba Sein ၄၆။ အို-မိုဟမ္မဒ်၊ ငါသည် သူတို့အား ကတိထားတော်မူသောအရာအချို့ကို သင့်အား မြင်စေတော်မူသည်ဖြစ်စေ၊ မြင်စေတော်မူသည်ဖြစ်စေ၊ မြင်စေတော်မမူသည်ဖြစ်စေ သူတို့သည် ငါ့အထံတော်သို့ ပြန်လာရမည်သာတည်း၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် သူတို့ကျင့်ဆောင်သမျှအပေါင်းတို့ကို အသိသက်သေဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည်၎င်း တို့အား ငါအရှင်မြတ် ကတိထားတော်မူခဲ့သော ပြစ်ဒဏ်အချို့ကို အသင့်အား ပြတော်မူသည် ဖြစ်စေ၊ သို့တည်းမဟုတ်ငါအရှင်မြတ်သည် အသင့်အား(ထိုပြစ်ဒဏ်မကျရောက်မီ)သေဆုံးတော်မူသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်း တို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌ပင်ရှိပေသည်။ ပြီးနောက်အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုလုပ် ကြသည်တို့ ကိုလည်းသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |