×

အမှန်မှာ လူ့အသိုင်းအဝိုင်းတိုင်းအတွက် ရစူလ်တမန်တော်တစ်ပါးစီ ရှိ၏။ သို့ဖြစ်ပေရာ သူတို့ထံ ရစူလ်တမန်တော်များ ရောက်ရှိလာသည့်အခါတိုင်း (သူတို့အနက်မှ အချို့က ယုံကြည်လက်ခံပြီး အချို့က 10:47 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:47) ayat 47 in Burmese

10:47 Surah Yunus ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 47 - يُونس - Page - Juz 11

﴿وَلِكُلِّ أُمَّةٖ رَّسُولٞۖ فَإِذَا جَآءَ رَسُولُهُمۡ قُضِيَ بَيۡنَهُم بِٱلۡقِسۡطِ وَهُمۡ لَا يُظۡلَمُونَ ﴾
[يُونس: 47]

အမှန်မှာ လူ့အသိုင်းအဝိုင်းတိုင်းအတွက် ရစူလ်တမန်တော်တစ်ပါးစီ ရှိ၏။ သို့ဖြစ်ပေရာ သူတို့ထံ ရစူလ်တမန်တော်များ ရောက်ရှိလာသည့်အခါတိုင်း (သူတို့အနက်မှ အချို့က ယုံကြည်လက်ခံပြီး အချို့က မယုံကြည်ကြသော်လည်း ထိုရစူလ်တမန်တော်များက) သူတို့အချင်းချင်းကြားတွင် (မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ တရားတော်နှင့်အညီ) တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ခြင်း ခံကြရမည်ဖြစ်ပြီး သူတို့သည် မတော်မတရားပြု ခြင်းခံကြရခြင်း အလျှင်း ရှိမည်မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ولكل أمة رسول فإذا جاء رسولهم قضي بينهم بالقسط وهم لا يظلمون, باللغة البورمية

﴿ولكل أمة رسول فإذا جاء رسولهم قضي بينهم بالقسط وهم لا يظلمون﴾ [يُونس: 47]

Ba Sein
၄၇။ လူမျိုးတုုိင်း၌ပင် တမန်တော်တစ်ပါးစီရှိကြ၏။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ သူတို့၏ တမန်တော်သည် လာသောအခါ သူတို့စပ်ကြားရှိအမှုသည် ဖြောင့်မတ်မှန်ကန်စွာစီရင်ဆုံးဖြတ်ခံရမည်။ သူတို့သည် မတရားပြုခြင်း ခံရမည်မဟုတ်ချေ။
Ghazi Mohammad Hashim
စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ တစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်း တို့သည်မတရားပြုလုပ်ခြင်းကို လုံးဝခံကြရသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် လူမျိုးတိုင်းအတွက် တမန်‌တော်တစ်ပါးရှိခဲ့သည်။* ထို့‌နောက် သူတို့၏တမန်‌တော် ‌ရောက်လာ‌သောအခါ* သူတို့၏ကြား၌ သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ တရားစီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်ခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek