×

(အို၊ ရစူလ်တမန်တော်) သင်သည် သူတို့၏ပြောဆိုချက်များကြောင့် (စိတ်ထိခိုက်စေလျက်) ဝမ်းမနည်း ကြလေနှင့်။ ဧကန်ပင်၊ (ဂုဏ်၊ သိက္ခာ၊ ဩဇာ၊ အာဏာ) 10:65 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:65) ayat 65 in Burmese

10:65 Surah Yunus ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 65 - يُونس - Page - Juz 11

﴿وَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعًاۚ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[يُونس: 65]

(အို၊ ရစူလ်တမန်တော်) သင်သည် သူတို့၏ပြောဆိုချက်များကြောင့် (စိတ်ထိခိုက်စေလျက်) ဝမ်းမနည်း ကြလေနှင့်။ ဧကန်ပင်၊ (ဂုဏ်၊ သိက္ခာ၊ ဩဇာ၊ အာဏာ) ဘုန်းတန်ခိုးအလုံးစုံသည် အလ္လာဟ်အရှင်မြတ်၏ (အချုပ်အခြာ၌ရှိ၍ အရှင်မြတ်) သာ ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်မြတ်သည် (သက်ရှိအားလုံး၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့အား ဉာဏ်တော်အနန္တဖြင့် လွှမ်းခြုံထားတော်မူလျက်) အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ولا يحزنك قولهم إن العزة لله جميعا هو السميع العليم, باللغة البورمية

﴿ولا يحزنك قولهم إن العزة لله جميعا هو السميع العليم﴾ [يُونس: 65]

Ba Sein
၆၅။ အို-မိုဟမ္မဒ်၊ သူတို့၏ ပြောဆိုချက်သည် သင့်အား မပူဆွေးစေလင့်၊ မှတ်သားလော့၊ တန်ခိုးအာဏာသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာ်တော်သာလျှင်ဖြစ်၏။ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Hashim Tin Myint
ထို့ပြင် သူတို့၏စကားသည် အသင့်အား ဝမ်းနည်းမှု မဖြစ်ပါ‌စေနှင့်။ အမှန်မှာ ဂုဏ်သိက္ခာအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek