Quran with Burmese translation - Surah Yunus ayat 68 - يُونس - Page - Juz 11
﴿قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدٗاۗ سُبۡحَٰنَهُۥۖ هُوَ ٱلۡغَنِيُّۖ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ إِنۡ عِندَكُم مِّن سُلۡطَٰنِۭ بِهَٰذَآۚ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴾
[يُونس: 68]
﴿قالوا اتخذ الله ولدا سبحانه هو الغني له ما في السموات وما﴾ [يُونس: 68]
Ba Sein ၆၈။ သူတို့သည် အလ္လာဟ်အရှင်မြတ်၌ သားရတနာရှိ၏ဟု ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်၌ ချို့တဲ့ခြင်းမရှိ၊ ခေါင်းပါးခြင်းမရှိ။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှတို့သည် အရှင်မြတ်၏ ဘဏ္ဍာ်တော်များဖြစ်၏။ သင်တို့၌ မိမိတို့ပြောဆိုချက်အတွက် အကိုးအကားမရှိချေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့မသိသည်ကို ပြောဆိုကြသလော။ |
Ghazi Mohammad Hashim ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်လိုလား၊ တောင့်တခြင်းကင်းမဲ့တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာတည်း။ အသင်တို့၌ ဤ(မဟုတ်မမှန်သော ပြောဆိုစွပ်စွဲမှု)နှင့်စပ်လျဉ်း၍ မည်သည့်သက်သေသာဓကမျှပင် မရှိချေ။ အသင်တို့သည် မိမိတို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ်၍ပြောဆိုကြလေသလော။ |
Hashim Tin Myint (မုရှ်ရိက်များသည် သက်သေလက္ခဏာများတွင် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ရှိရ်က်ဖြစ်စေသော စကားများကို ပြောဆိုနေကြသည်။) သူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြသည်။ အရှင်မြတ်သည် ကင်းရှင်းစင်ကြယ်တော်မူသည်။ အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။ (အဖန်ဆင်းခံအားလုံးသည် အရှင်မြတ်ထံမှပင် လိုလားတောင့်တနေကြရသည်။) မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသမျှအရာများသည် အရှင်မြတ် ပိုင်ဆိုင်သောအရာများချည်းပင်ဖြစ်သည်။ အသင်တို့တွင် ဤသည်နှင့်ပတ်သက်၍ မည်သည့်အထောက်အထားမှ မရှိပေ။ အသင်တို့သည် အသင်တို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံပြောဆိုကြသလော။ |