Quran with Burmese translation - Surah Yunus ayat 78 - يُونس - Page - Juz 11
﴿قَالُوٓاْ أَجِئۡتَنَا لِتَلۡفِتَنَا عَمَّا وَجَدۡنَا عَلَيۡهِ ءَابَآءَنَا وَتَكُونَ لَكُمَا ٱلۡكِبۡرِيَآءُ فِي ٱلۡأَرۡضِ وَمَا نَحۡنُ لَكُمَا بِمُؤۡمِنِينَ ﴾
[يُونس: 78]
﴿قالوا أجئتنا لتلفتنا عما وجدنا عليه آباءنا وتكون لكما الكبرياء في الأرض﴾ [يُونس: 78]
Ba Sein ၇၈။ သူတို့က သင်သည် အကျွနု်ပ်တို့အား မိမိတို့ဘိုးဘွားများကိုးကွယ်သည့်ဘာသာအယူဝါဒမှ တိမ်းစောင်းရန်နှင့် သင်တို့နှစ်ဦး အကျွနု်ပ်၏ တိုင်းပြည်၌ လူကြီးဖြစ်ရန်လာကြသလော။ အကျွနု်ပ်တို့သည် သင်တို့နှစ်ဦးကို ယုံကြည်ကြမည်မဟုတ်ချေဟု ပြောကြ၏။ |
Ghazi Mohammad Hashim ၎င်း တို့က (နဗီတမန်တော်မူစာအား ဤသို့)ပြောဆိုကြပြန်လေသည်။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား လွှဲဖယ်ရန်လည်းကောင်း၊ တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦး၌သာ ရှိအံ့သော ငှာလည်းကောင်း၊ အသင် ကျွန်ုပ်တို့ထံရောက်ရှိခဲ့လေသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည်အသင်တို့နှစ်ဦးအား(မည်သည့်အခါ၌မျှ) ယုံစား ကြမည့်သူများမဟုတ်ချေ။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား ဖယ်ရှားရန်အတွက်နှင့် တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦးအတွက်ပင်ရှိရန် အသင်သည် ကျွန်ုပ်တို့ထံသို့ ရောက်လာခဲ့ခြင်းလော။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့နှစ်ဦးအား (မည်သည့်အခါမှ) ယုံကြည်မည့်သူများ မဟုတ်ကြပေ။“ |