×

သူတို့သည် (ပစ်ချလိုသော အရာများကို) ပစ်ချကြလေသောအခါ တမန်တော်မူဆာက “သင်တို့ ယူဆောင် လာခဲ့သမျှသည် မှော်ပယောဂအတတ်သာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် 10:81 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:81) ayat 81 in Burmese

10:81 Surah Yunus ayat 81 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 81 - يُونس - Page - Juz 11

﴿فَلَمَّآ أَلۡقَوۡاْ قَالَ مُوسَىٰ مَا جِئۡتُم بِهِ ٱلسِّحۡرُۖ إِنَّ ٱللَّهَ سَيُبۡطِلُهُۥٓ إِنَّ ٱللَّهَ لَا يُصۡلِحُ عَمَلَ ٱلۡمُفۡسِدِينَ ﴾
[يُونس: 81]

သူတို့သည် (ပစ်ချလိုသော အရာများကို) ပစ်ချကြလေသောအခါ တမန်တော်မူဆာက “သင်တို့ ယူဆောင် လာခဲ့သမျှသည် မှော်ပယောဂအတတ်သာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်း (မှော်ပယောဂအတတ်) ကို အချည်းနှီးနှင့်တရားမဝင်သောအရာ ဖြစ်ကြောင်း မကြာမီ သက်သေပြတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ဖောက် ဖျက်၍ အာခံဖီဆန်သူတို့၏ပြုမူဆောင်ရွက်ချက်များကို မှန်ကန်ပြီး တရားဝင်သော အရာများအဖြစ် မည်သည့်အခါမျှ ပြုပြင်ပြောင်းလဲစေတော်မူမည် မဟုတ်ချေ။” ဟု ဟောကြားခဲ့၏။

❮ Previous Next ❯

ترجمة: فلما ألقوا قال موسى ما جئتم به السحر إن الله سيبطله إن, باللغة البورمية

﴿فلما ألقوا قال موسى ما جئتم به السحر إن الله سيبطله إن﴾ [يُونس: 81]

Ba Sein
၈၁။ သူတို့သည် မိမိတို့ပညာကို ပြကြသောအခါ တမန်တော်မူစာက သင်တို့သည် စုံးမျက်လှည့်အတတ်ကို ယူခဲ့ကြ၏။ ကြည့်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတတ်ပညာကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။ ကြည့် ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ပျက်စီးမှုပြုသူတို့၏ ပြုလုပ်မှုကို ထောက်မတော်မမူချေ။
Ghazi Mohammad Hashim
ထို့နောက် ၎င်း တို့သည် (မိမိတို့ပစ်ချလိုသောကြိုးများကို မြေဝယ်)ပစ်ချခဲ့ကြသောအခါ (နဗီတမန်တော်)မူစာက(၎င်း တို့အားဤသို့)ပြောဆိုခဲ့ကြလေသည်။ အသင်တို့ ယူဆောင်ခဲ့ကြသောအရာများကား စုန်းပယောဂအတတ်ပင် ဖြစ်ပေသည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ယခုမကြာမီပင် ဤစုန်းပယောဂများကို အချည်းနှီး ဖြစ်စေတော်မူမည်။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (တန်ခိုးပြာဋိဟာနှင့်ပြိုင်ဆိုင်၍)ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ လုပ်ငန်းကို အဆင်ပြေအောင် ပြုလုပ်ပေးသနားတော်မူသည် မဟုတ်ပေ။
Hashim Tin Myint
၎င်း‌နောက် သူတို့သည် ပစ်ချခဲ့ကြ‌သောအခါ (တမန်‌တော်)မူစာက‌ပြောဆိုသည်- “အသင်တို့ ယူ‌ဆောင်ခဲ့ကြ‌သောအရာများသည် စုန်းပ‌ယောဂ အတတ်သာဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မကြာမီတွင် ထို(စုန်းပ‌ယောဂ)များကို အကျိုးမဲ့ဖြစ်‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီး‌ရေးသမားများ၏လုပ်ရပ်များကို မှန်ကန် အဆင်‌ပြေ‌အောင် လုပ်‌ပေးမည်းမဟုတ်‌ပေ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek