Quran with Burmese translation - Surah Hud ayat 1 - هُود - Page - Juz 11
﴿الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ ﴾
[هُود: 1]
﴿الر كتاب أحكمت آياته ثم فصلت من لدن حكيم خبير﴾ [هُود: 1]
Ba Sein ၁။ အလီ(ဖ်)၊လမ်၊မြီ၊ရာ၊ ဤကျမ်းတော်သည် စုံလင်ပြည့်စုံ၍ အဓိပ္ပါယ်ထင်ရှားရှင်းလင်းထားသောနှုတ်ကပတ် ကျမ်းတော်ဖြစ်၏ ဤကျမ်းတော်သည် ဉာာဏ်ပညာရှိတော်မူသော၊ အလုံးစုံသိတော်မူသောအရှင်ထံတော်မှဖြစ်၏။ |
Ghazi Mohammad Hashim အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။ |
Hashim Tin Myint အလိဖ် လာမ် ရာ။ (ဤသည်) အကြင်ကျမ်းဂန်ဖြစ်သည်၊ ထိုကျမ်းဂန်၏အာယသ်တော်များသည် ခိုင်မြဲစွာ ပြုလုပ်ထားပြီးဖြစ်သည်။* ထို့ပြင် ထိုအာယသ်တော်များသည် ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသော အကြွင်းမဲ့ကြားသိ(သတင်းပေး)တော်မူသော အရှင်မြတ်ထံမှ အသေးစိတ် ရှင်းလင်းဖော်ပြပြီးဖြစ်သည်။ |