Quran with Burmese translation - Surah Hud ayat 2 - هُود - Page - Juz 11
﴿أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ ﴾
[هُود: 2]
﴿ألا تعبدوا إلا الله إنني لكم منه نذير وبشير﴾ [هُود: 2]
Ba Sein ၂။ တမန်တော်ဟောကြားသည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားတစ်စုံတစ်ရာကို မကိုးကွယ် ကြလင့်၊ မှတ်သားလော့။ ငါသည် သင်တို့ထံ အရှင်မြတ်အထံတော်မှ သတိပေးသူ၊ သတင်းကောင်းယူလာသူ တစ်ဦးဖြစ်၏။ |
Ghazi Mohammad Hashim အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးတစ်စုံတစ်ရာကိုမျှ မကိုးကွယ်၊ မဆည်းကပ် ကြကုန်လင့်။ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထို အရှင်မြတ်အထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းယူလာသူ ဖြစ်ပေသတည်း။ |
Hashim Tin Myint အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ တစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် အရှင်မြတ်ထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပေးသူဖြစ်သည်။ |