Quran with Burmese translation - Surah Hud ayat 26 - هُود - Page - Juz 12
﴿أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٖ ﴾
[هُود: 26]
﴿أن لا تعبدوا إلا الله إني أخاف عليكم عذاب يوم أليم﴾ [هُود: 26]
Ba Sein ၂၆။ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး မည်သည်ကိုမှ မကိုးကွယ်မခဝပ်ကြလင့်၊ မှတ်သားကြလော့၊ ငါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေခြင်းကို သင်တို့အဖို့ ကြောက်ရွံ့၏ဟု ပြော ကြား၏။ |
Ghazi Mohammad Hashim အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှ တစ်ပါးအခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြကုန်လင့်။ အကြောင်းသော်ကား ငါသည် အသင်တို့နှင့်ပတ်သက်၍နာကျင်ဖွယ်ဖြစ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သောကြောင့်ပင်။ |
Hashim Tin Myint အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အတွက် အလွန်နာကျင်စေသောနေ့၏အပြစ်ဒဏ်*ကို စိုးရိမ်သည်။ |