×

(ထိုသို့ ဟောပြောစဉ်) သူ့လူမျိုးအနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်ကြသော အကြီးအကဲများက (သူ့အား) “ကျွန်ုပ်တို့ကဲ့သို့ သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်ခြင်းမှအပ (အခြားမည်သည့်ထူးခြားမှုကိုမျှ) အသင်၌ 11:27 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:27) ayat 27 in Burmese

11:27 Surah Hud ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 27 - هُود - Page - Juz 12

﴿فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ ﴾
[هُود: 27]

(ထိုသို့ ဟောပြောစဉ်) သူ့လူမျိုးအနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်ကြသော အကြီးအကဲများက (သူ့အား) “ကျွန်ုပ်တို့ကဲ့သို့ သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်ခြင်းမှအပ (အခြားမည်သည့်ထူးခြားမှုကိုမျှ) အသင်၌ ကျွန်ုပ်တို့ တွေ့မြင်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့အနက်မှ သဘောထားခံယူချက် မရင့်ကျက်သေးသော အနိမ့်ဆုံး (အောက်တန်းစား) ပုဂ္ဂိုလ်များမှအပ (အခြားမည်သူမျှ) သင့်ကို နာခံလိုက်နာနေကြခြင်း မတွေ့ရပေ။ (သင်တို့ အကျိုးအတွက်သာဖြစ်ပြီး ကျွန်ုပ်တို့အပေါ် မည်သည့်အကျိုးကျေးဇူးမျှမပြုနိုင်သော) သင်တို့၌ ကျွန်ုပ်တို့ ထက် သာသော မည်သည့်ဂုဏ်အရည်အချင်းကိုမျှမတွေ့ရပေ။ အမှန်မှာ ကျွန်ုပ်တို့သည် သင်တို့ကို လူလိမ်လူညာများ"" ဟုသာ ထင်မြင်ယူဆကြ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။

❮ Previous Next ❯

ترجمة: فقال الملأ الذين كفروا من قومه ما نراك إلا بشرا مثلنا وما, باللغة البورمية

﴿فقال الملأ الذين كفروا من قومه ما نراك إلا بشرا مثلنا وما﴾ [هُود: 27]

Ba Sein
၂၇။ ထိုအခါသူ့လူမျိုး၏ အယူမှားသောအကြီးအကဲတို့က အို-နူဟို၊ သင်သည် ငါတို့ကဲ့သို့ လူသားဖြစ်ကြောင်းကိုသာ ငါတို့မြင်၏။ ငါတို့အထဲက အနိမ့်ဆုံးအောက်တန်းစားမစဉ်းစားမဆင်ခြင်တတ်သူတို့မှတပါး အခြားတစုံတယောက် မျှ သင့်နောက်ကို လိုက်သည်ကို ငါတို့မမြင်ချေ။ သင့်၌ ငါတို့ထက်သာသောဂုဏ်ကို ငါတို့မမြင်ချေ။ သို့သော် ငါတို့သည် သင့်အား လူလိမ်များဟုသာ ယူဆ၏။
Ghazi Mohammad Hashim
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
Hashim Tin Myint
ထို့‌နောက် ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ခဲ့ကြ‌သော အကြီးအကဲများက (ဤသို့)‌ပြောဆိုခဲ့ကြသည်- “ကျွန်ုပ်တို့သည် အသင့်အား ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦးအဖြစ်နှင့်သာ မြင်ကြသည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အ‌ပေါ်ယံအားဖြင့် ကျွန်ုပ်တို့ထဲမှ အ‌သေးသိမ်ဆုံး‌သောသူများမှလွဲ၍ အခြားသူများသည် အသင်၏‌နောက်သို့ လိုက်သည်ကို မမြင်ကြ‌ပေ။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အသင်တို့တွင် ကျွန်ုပ်တို့ထက် တစ်စုံတစ်ရာကို ပိုမြင့်မြတ်သည်ကိုလည်း မမြင်ကြ‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား လိမ်လည်သူများဟုပင် ယူဆကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek