Quran with Burmese translation - Surah Hud ayat 3 - هُود - Page - Juz 11
﴿وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٖ مُّسَمّٗى وَيُؤۡتِ كُلَّ ذِي فَضۡلٖ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ كَبِيرٍ ﴾
[هُود: 3]
﴿وأن استغفروا ربكم ثم توبوا إليه يمتعكم متاعا حسنا إلى أجل مسمى﴾ [هُود: 3]
Ba Sein ၃။ ထို့အပြင်ဆက်လက်ဟောသည်မှာ ဟယ်-အချင်းတို့၊ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင်အထံတော်၌ အပြစ်လွှတ်ဆုတောင်းကြလော့၊ အရှင်မြတ်ဘက်တော်သို့ သတိနောင်တရခြင်းဖြင့် လှည့်ကြလော့၊ အရှင်ချိန်း ချက်သတ်မှတ်ထားသောအချိန်ကာလတိုင်အာင် အရှင်မြတ်သည် သင်တို့အား လောကီစည်းစိမ်ကာမဂုဏ်ကို ခံစားစေတော်မူမည်။ ရက်ရောပေးကမ်းစွန့်ကြဲသူတိုင်းအား အရှင်မြတ်သည် ရက်ရောပေးကမ်းတော်မူ၏။ သို့သော်အကယ်၍ သင်တို့သည် လှည့်သွားလျှင်၊ ငါသည် သင်တို့အတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းသော နေ့တော်ကြီး၏ လက်စားချေခြင်းတော်ကို ကြောက်ရွံ့၏။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်လျက်ရှိကြလေကုန်။ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြီးဖြစ်သောအချိန်ကာလ တိုင်အောင် ကောင်းမွန်လှစွာသော စည်းစိမ်များကို ခံစားစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အကျင့်အမူအားဖြင့် ပိုမိုသောသူတိုင်းကို ၎င်း၏ပိုမို(၍ရထိုက်)သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။ သို့ရာတွင်အကယ်၍၊ အသင်တို့သည် မျက်နှာလွှဲဖယ်လျက် ပင်ရှိကြပါလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်သော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်လေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံကြပါ၊ ၎င်းနောက် အသင်တို့သည် အရှင်မြတ်ထံတော်၌ ဝန်ချတောင်းပန်ကြပါ။ အရှင်မြတ်သည် အသင်တို့ကို သတ်မှတ်ထားသော အချိန်ကာလအထိ ကောင်းမွန်သောစည်းစိမ်များကို စံစားစေတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် လုပ်ရပ်ပိုကောင်းသောသူတိုင်းကို သူတို့၏ပို(ရထိုက်)သောအကျိုးရလဒ်ကို ပေးသနားတော်မူမည်ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲနေကြလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်။ |