Quran with Burmese translation - Surah Hud ayat 37 - هُود - Page - Juz 12
﴿وَٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ﴾
[هُود: 37]
﴿واصنع الفلك بأعيننا ووحينا ولا تخاطبني في الذين ظلموا إنهم مغرقون﴾ [هُود: 37]
Ba Sein ၃၇။ ငါအရှင်မြတ်၏ မျက်မှောက်တော်တွင် ငါမိန့်တော်မူသည့်အတိုင်း သင်္ဘောတစင်းတည်ဆောက်လော့၊ ပြစ်မှု ကျူးလွန်သူများအတွက် ငါ့ထံတော်၌ သင်ဆုမတောင်းလင့်၊ မှတ်သားလော့၊ သူတို့ကို ရေတွင် နစ်မြုပ်သေစေ တော်မူမည်။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ မျက်စိအောက်တွင် ငါအရှင်မြတ်၏အမိန့်တော်အရ သင်္ဘောကိုပြုလုပ်တည်ဆောက်ပါလေ။ ၎င်းပြင် အသင်သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက်ကလူ ပြုကုန်သော သူတို့နှင့်ပတ်သက်၍ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားပန်ကြားခြင်း မပြုပါလေနှင့်။ ဧကန်အမှန် ၎င်းတို့သည် နစ်မြုပ်ကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အသင်သည် ငါအရှင်မြတ်၏မျက်စိအောက်တွင် ငါအရှင်မြတ်၏အမိန့်တော်နှင့် သဘေင်္ာတည်ဆောက်ပါ။ ထို့ပြင် အသင်သည် နှိပ်စက်ကျူးလွန်သူများနှင့်ပတ်သက်၍ ငါအရှင်မြတ်ထံတော်၌ အလျှောက်ထားခြင်းမပြုလေနှင့်။ အမှန်စင်စစ် သူတို့သည် နစ်မြုပ်မည့်သူများသာ ဖြစ်ကြသည်။ |