Quran with Burmese translation - Surah Hud ayat 41 - هُود - Page - Juz 12
﴿۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ ﴾
[هُود: 41]
﴿وقال اركبوا فيها بسم الله مجراها ومرساها إن ربي لغفور رحيم﴾ [هُود: 41]
Ba Sein ၄၁။ တမန်တော်နူဟိုက မိမိအသင်းသားတို့အား အို-အသင်းသားတို့၊ ဤသင်္ဘောထက်သို့ တက်စီးကြလော့။ သင်္ဘော၏ သွားလမ်းနှင့် ကျောက်စူးချခြင်းသည် အရှင်မြတ်၏ နာမတော်၌ ဖြစ်စေလော့၊ မှတ်သားကြလော့၊ ငါ၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာတော်ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ထို(နဗီတမန်တော်နူဟ်) က (မိမိအိမ်သူအိမ်သားများနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားအချင်းတို့) အသင်တို့သည် ထိုသင်္ဘောပေါ်သို့ စီးနင်းကြလေကုန်။ ထိုသင်္ဘော၏ သွားလာလှုပ်ရှားမှုသည်လည်းကောင်း၊ထိုသင်္ဘောဆိုက်ကပ် (ရပ်ဆိုင်း)ခြင်းသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်သာ ဖြစ်ပေသည်။ ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည်အမှန်ပင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင်။ |
Hashim Tin Myint ထို့နောက် သူကပြောသည်- အသင်တို့သည် ထိုသဘေင်္ာပေါ်သို့ ဤသဘေင်္ာ၏ လှုပ်ရှားသွားလာသောအခါနှင့် ထိုသဘေင်္ာ၏ဆိုက်ကပ်ရပ်နားသောအခါတွင် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့်အစပြုပါသည်(ဟု ပြောဆို)စီးနင်းကြပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတာ်မူသော အရှင်မြတ်သည် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |