Quran with Burmese translation - Surah Hud ayat 54 - هُود - Page - Juz 12
﴿إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ ﴾
[هُود: 54]
﴿إن نقول إلا اعتراك بعض آلهتنا بسوء قال إني أشهد الله واشهدوا﴾ [هُود: 54]
Ba Sein ၅၄။ ငါတို့ဘုရားတဆူဆူက သင့်ကို မကောင်းသောနည်းဖြင့် ဖမ်းထားသည်ဟု ဆိုခြင်းမှတပါး အခြားတစုံတခု မဆိုကြချေဟု ပြန်ပြောကြ၏။ ထိုအခါတမန်တော်ဟုဒ်က အရှင်မြတ်နှင့် ဘုရားတုများကို တွဲဖက်ခြင်းတည်း ဟူသော သင်တို့၏ ပြစ်မှုမှ ငါသည် ကင်းလွတ်ကြောင်းကို အရှင်မြတ်အား ငါသက်သေထူ၏။ သင်တို့လည်း သက်သေခံကြလော့။ |
Ghazi Mohammad Hashim ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။ |
Hashim Tin Myint ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုးကွယ်ရာများထဲမှ ကိုးကွယ်ရာတစ်ပါးသည် အသင့်အား ကိုယ်စားပြုလိုက်သည်ဟုပင် ပြောဆိုကြမည်ဖြစ်သည်။* ၎င်း(တမန်တော်ဟူဒ်)ကပြောသည်- အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ တွဲဖက်ကိုးကွယ်နေကြသောအရာများနှင့် အမှန်စင်စစ် ငါသည် လုံးဝ ကင်းရှင်းသူတစ်ဦးဖြစ်ကြောင်း ငါကိုယ်တိုင် အလ္လာဟ်အရှင်ကို သက်သေထားသည်။ ၎င်းနောက် အသင်တို့သည်လည်း သက်သေအဖြစ်ရှိကြပါ။ |