Quran with Burmese translation - Surah Hud ayat 59 - هُود - Page - Juz 12
﴿وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ ﴾
[هُود: 59]
﴿وتلك عاد جحدوا بآيات ربهم وعصوا رسله واتبعوا أمر كل جبار عنيد﴾ [هُود: 59]
Ba Sein ၅၉။ အားဒ်လူမျိုးသည် ယင်းကဲ့သို့ဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ အရှင်သခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ် ကြ၏။ အရှင်မြတ်စေလွှတ်တော်မူသောတမန်တော်တို့ကိုလည်း မထီမဲ့မြင်သရော်ပင့်ချေပြုကြ၏။ တရားတော်ကို ကျူးလွန်ထောင်ထားသောအကြီးအမှုးတို့၏ အမိန့်စကားကို နာခံကြ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။ |
Hashim Tin Myint ၎င်းနောက် ဤသည် အာဒ်အမျိုးသားများပင်ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ သက်သေလက္ခဏာများအား ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် သူတို့သည် အရှင်မြတ်၏တမန်တော်များအား ဖီဆန်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ခေါင်းမာသော နိုင်ထက်စီးနင်းပြုလုပ်သောလူများ၏အမိန့်ကို လိုက်နာခဲ့ကြသည်။ |