Quran with Burmese translation - Surah Hud ayat 61 - هُود - Page - Juz 12
﴿۞ وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ ﴾
[هُود: 61]
﴿وإلى ثمود أخاهم صالحا قال ياقوم اعبدوا الله ما لكم من إله﴾ [هُود: 61]
Ba Sein ၆၁။ ငါအရှင်မြတ်သည် စမုဒ်လူမျိုးစုထံသို့ သူတို့၏ သားချင်းတမန်တော်ဆွာလေ(ဟ်)ကို စေလွှတ်တော်မူ၏။ သူက ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ သင်တို့တွင် အရှင်မြတ်မှတပါး အခြား အရှင်သခင်မရှိချေ၊ အရှင်မြတ်သည် သင်တို့အား မြေမှ ဖန်ဆင်းတော်မူ၏။ မြေကို ထွန်ယက်လုပ်ကိုင်စား သောက်စေတော်မူ၏။ ထို့ကြောင့်အရှင်မြတ်အား အပြစ်လွှတ်တော်မူရန် ဆုတောင်းကြလော့။ အရှင်မြတ်ဘက် တော်သို့ တရားသံဝေဂရခြင်းဖြင့် လှည့်ကြလော့။ မှတ်သားကြလော့။ ငါ့ကို ဖန်ဆင်းမွေးမြူတော်မူထသော ကျေးဇူးတော်သည် နီးကပ်စွာရှိတော်မူ၏။ တောင်းသောဆုများကို ပေးတော်မူ၏ဟု ဟောကြား၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။ |
Hashim Tin Myint ထို့ပြင် ဆမူဒ်အမျိုးသားများထံသို့ သူတို့၏ညီနောင် (တမန်တော်)စွာလိဟ်ကို (စေလွှတ်တော်မူခဲ့သည်)။ သူက ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထိုအရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်သောအရှင် မရှိပေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား စတင်ဖန်ဆင်းတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည်ပင် အသင်တို့အား ထိုမြေပေါ်၌ သက်တမ်းပေးပြီး နေထိုင်စေတော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံကြပါ။ ထို့နောက် အသင်တို့သည် အရှင်မြတ်ဘက်သို့ လှည့်ကြပါ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် နီးကပ်စွာရှိနေတော်မူသောအရှင်၊ (တောင်းသည်ကို)လက်ခံတော်မူသောအရှင် ဖြစ်တော်မူသည်။ |