×

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထိုစဉ်က အရှင့် (အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်ဆိုင်ရာ) မဟာပလ္လင်တော်သည် 11:7 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:7) ayat 7 in Burmese

11:7 Surah Hud ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 7 - هُود - Page - Juz 12

﴿وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ وَكَانَ عَرۡشُهُۥ عَلَى ٱلۡمَآءِ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۗ وَلَئِن قُلۡتَ إِنَّكُم مَّبۡعُوثُونَ مِنۢ بَعۡدِ ٱلۡمَوۡتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ ﴾
[هُود: 7]

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ခေတ်ကာလ ကပ်ကမ္ဘာခြောက်ခု) ၌ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ထိုစဉ်က အရှင့် (အလွန်ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာဏာတော်ဆိုင်ရာ) မဟာပလ္လင်တော်သည် သင်တို့အနက် မည်သူသည် အကောင်းဆုံး ပြုမူကျင့်ကြံသူဖြစ်ကြောင်းကို စီစစ်စမ်းသပ်တော်မူရန်အလို့ငှာ (သက်ရှိဖြစ်ပေါ်ရေးအတွက် အဓိကအရင်းအမြစ်ဖြစ်သော) ရေပေါ်၌ ထားရှိတော်မူခဲ့၏။ ထို့ပြင် အကယ်၍ အသင်က (လူတို့အား၊ သင်တို့၏အဓိကပန်းတိုင်မှာ ဤလောကီဘဝ၌ ပြုကျင့်သည်နှင့်အညီ အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်များကို စံစားခံစားခြင်းပင် ဖြစ်သောကြောင့်) ဧကန်ပင်၊ အသင်တို့ ကွယ်လွန်သေဆုံး သွားပြီးနောက် သင်တို့အား ပြန်လည်ရှင်သန်ထမြောက်စေတော်မူမည်ဟု မိန့်ကြားလျှင် မယုံကြည်သူ (အမှန်တ ရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ထင်ရှားလှစွာသော မှော်ပယောဂအတတ်ပညာ (ညှို့ယူဆွဲဆောင် ဖွယ်ရာကောင်းသောလှည့်စားမှု) သာ ဖြစ်၏။” ဟု မုချ ပြောဆိုခဲ့ကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وهو الذي خلق السموات والأرض في ستة أيام وكان عرشه على الماء, باللغة البورمية

﴿وهو الذي خلق السموات والأرض في ستة أيام وكان عرشه على الماء﴾ [هُود: 7]

Ghazi Mohammad Hashim
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek