×

တစ်ဖန်၊ အကယ်၍ ငါအရှင်မြတ်သည် လူ့အသိုင်းအဝိုင်းတစ်ခုအတွက် စီရင်သတ်မှတ်တော်မူထားသော နေ့ရက်အချိန်ကာလအထိ သူတို့၏ပြစ်ဒဏ်ကို ရွှေ့ဆိုင်း၍ နောက်ဆုတ်ထားတော်မူလျှင် (ငါအရှင် သူတို့အား သတိပေးခြင်းကို 11:8 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:8) ayat 8 in Burmese

11:8 Surah Hud ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 8 - هُود - Page - Juz 12

﴿وَلَئِنۡ أَخَّرۡنَا عَنۡهُمُ ٱلۡعَذَابَ إِلَىٰٓ أُمَّةٖ مَّعۡدُودَةٖ لَّيَقُولُنَّ مَا يَحۡبِسُهُۥٓۗ أَلَا يَوۡمَ يَأۡتِيهِمۡ لَيۡسَ مَصۡرُوفًا عَنۡهُمۡ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[هُود: 8]

တစ်ဖန်၊ အကယ်၍ ငါအရှင်မြတ်သည် လူ့အသိုင်းအဝိုင်းတစ်ခုအတွက် စီရင်သတ်မှတ်တော်မူထားသော နေ့ရက်အချိန်ကာလအထိ သူတို့၏ပြစ်ဒဏ်ကို ရွှေ့ဆိုင်း၍ နောက်ဆုတ်ထားတော်မူလျှင် (ငါအရှင် သူတို့အား သတိပေးခြင်းကို လှောင်ပြောင်သည့်အနေဖြင့်) သူတို့က “ယင်းကို မည်သည်က ဆိုင်းငံ့ထိန်းချုပ်ထားသနည်း။” ဟု ပြောဆိုကြလေ၏။ သတိပြုမှတ်သားကြလော့။ ထို(ပြစ်ဒဏ်) သူတို့ထံ ဆိုက်ရောက်လာမည့် နေ့ရက်အချိန် ကာလတွင် ယင်းကို သူတို့ထံမှ လွှဲဖယ်စေလျက် တားဆီးခံရမည်မဟုတ်သည့်အပြင် ယင်းနှင့်စပ်လျဉ်း၍ သူတို့ လှောင်ပြောင်ခဲ့သမျှသည်လည်း သူတို့အား လွှမ်းခြုံဝိုင်းရံထားလျက် (အမှုပတ်စေ) လိမ့်မည်။

❮ Previous Next ❯

ترجمة: ولئن أخرنا عنهم العذاب إلى أمة معدودة ليقولن ما يحبسه ألا يوم, باللغة البورمية

﴿ولئن أخرنا عنهم العذاب إلى أمة معدودة ليقولن ما يحبسه ألا يوم﴾ [هُود: 8]

Ba Sein
၈။ အကယ်၍ ငါအရှင်မြတ်သည် သူတို့အတွက် အပြစ်ဒဏ်တော်ကို ချိန်းချက်ထားတော်မူသည့်အချိန်တိုင်အောင် ဆိုင်းငံ့ထားတော်မူလျှင် သူတို့က အပြစ်ဒဏ်ကို အဘယ်သူဆွဲထားသနည်းဟု အမှန်မေးကြလိမ့်မည်။ အကယ် စင်စစ်မှာ သူတို့ထံ ထိုအပြစ်ဒဏ်ဆိုက်ရောက်လာသောနေ့တော်ကြီး၌ သူတို့သည် အပြစ်ဒဏ်ကို သူတို့ထံမှ လွဲသွားအောင် မပြုနိုင်ချေ။ သူတို့ပြောင်လှောင်ခဲ့သောအပြစ်ဒဏ်တော်သည် သူတို့အား ဝိုင်းထားလိမ့်မည်။
Ghazi Mohammad Hashim
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။
Hashim Tin Myint
ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို သူတို့အ‌ပေါ်မှ ‌ရေတွက်(သတ်မှတ်)ထားပြီး‌သောအချိန်ထိ* ‌ရွှေ့ဆိုင်းထား‌တော်မူခဲ့လျှင် သူတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ထိန်းချုပ်ထားသနည်းဟု အမှန်ပင် ‌ပြောဆိုကြမည်။ သတိပြုကြပါ၊ ထိုပြစ်ဒဏ်သည် သူတို့ထံသို့ ‌ရောက်လာမည့်‌နေ့၌ သူတို့အ‌ပေါ်မှ လွှဲဖယ်သွားမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့‌ပြောင်‌လှောင်‌နေကြ‌သော ပြစ်ဒဏ်သည် သူတို့အား ဝန်းရံထားလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek