Quran with Burmese translation - Surah Hud ayat 70 - هُود - Page - Juz 12
﴿فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ ﴾
[هُود: 70]
﴿فلما رأى أيديهم لا تصل إليه نكرهم وأوجس منهم خيفة قالوا لا﴾ [هُود: 70]
Ba Sein ၇ဝ။ ဧည့်သည်တော်တို့သည် အစားအစာသို့ လက်မလှမ်းသည်ကို သူမြင်ရသောအခါ သူတို့ကို မသင်္ကာဖြစ်ပြီးလျှင် ကြောက်စိတ်ပေါ်လာ၏။ သူတို့က တမန်တော် မစိုးရိမ်ပါလင့်။ အကျွနု်ပ်တို့အား တမန်တော်လွတ်၏ အမျိုးသား တို့ထံသို့ အမှန်စေလွှတ်တော်မူ၏။ |
Ghazi Mohammad Hashim တစ်ဖန် ထိုစေတမန်များ၏ လက်များသည်ထိုကင်ထားသော နွားကလေးသို့ ကမ်းလှမ်းခြင်းမရှိသည်ကိုယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်တွေ့မြင်ခဲ့လေရာ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ၎င်းတို့အား မယုံသင်္ကာဖြစ်ခဲ့လေ၏။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(မိမိ)စိတ်ထဲတွင် ၎င်းတို့ဖက်မှစိုးရိမ်ခဲ့လေ၏။ (ထိုအခါ) ၎င်းစေတမန်တို့က (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည်မစိုးရိမ်ပါလေနှင့်၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည် (နဗီတမန်တော်လူ(တ်)၏အမျိုးသားတို့ထံ စေလွှတ်ခြင်းခံခဲ့ကြရ(ကုန်သောကောင်းကင်စေတမန်များပင်ဖြစ်ကြ)သည်ဟု ပြောဆိုခဲ့ကြလေသတည်း။ |
Hashim Tin Myint ထို့နောက် ၎င်း(တမန်တော်အိဗ်ရာဟီမ်)သည် သူတို့၏လက်များက ထို(အစားအစာ)ဘက်သို့ မလှမ်းသည်ကိုမြင်ရသောအခါ သူတို့အား သူစိမ်းများဟု သဘောပေါက်ပြီး မိမိစိတ်ထဲ၌ (၎င်းတို့သည် ကောင်းသောကိစ္စနှင့်လာခြင်းပင် ဟုတ်ပါမည်လောဟု) စိုးရိမ်ခဲ့သည်။ (ထိုအခါ) သူတို့က ပြောသည်- အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (တမန်တော်)လူသွ်အမျိုးသားများထံသို့ စေလွှတ်ခြင်း ခံကြရခြင်းဖြစ်သည်။ |