×

ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ရောက်ရှိစေတော်မူသောအခါ တမန်တော်ရှုအိုက်ဗ်ကိုလည်းကောင်း၊ သူနှင့်အတူရှိသော ယုံကြည်သူများကိုလည်းကောင်း၊ အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် ကယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံကြသူတို့ကိုမူ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော 11:94 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:94) ayat 94 in Burmese

11:94 Surah Hud ayat 94 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 94 - هُود - Page - Juz 12

﴿وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا شُعَيۡبٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ﴾
[هُود: 94]

ငါအရှင်မြတ်၏စီမံချက်အမိန့်တော်ရောက်ရှိစေတော်မူသောအခါ တမန်တော်ရှုအိုက်ဗ်ကိုလည်းကောင်း၊ သူနှင့်အတူရှိသော ယုံကြည်သူများကိုလည်းကောင်း၊ အရှင့်ထံတော်မှဖြစ်သော ကရုဏာတော်ဖြင့် ကယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံကြသူတို့ကိုမူ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးဖြင့် အရေးယူ ဖမ်းဆီးစေတော်မူခဲ့ရာ သူတို့သည် သူတို့နေထိုင်ရာအိမ်များ၌ပင် (မနက်စောစောအချိန်တွင်) လှုပ်ရှားမှုမဲ့ပြီး မှောက်လျက် အနေအထားဖြစ်လာခဲ့ကြ၏။

❮ Previous Next ❯

ترجمة: ولما جاء أمرنا نجينا شعيبا والذين آمنوا معه برحمة منا وأخذت الذين, باللغة البورمية

﴿ولما جاء أمرنا نجينا شعيبا والذين آمنوا معه برحمة منا وأخذت الذين﴾ [هُود: 94]

Ba Sein
၉၄။ ငါအရှင်မြတ်၏ အမိန့်တော်ကျရောက်လာသောအခါ ငါသည် မိမိအထံတော်မှ ကောင်းကြီးမင်္ဂလာတော်အားဖြင့် တမန်တော်ရှိုအိုက်(ဗ်)နှင့်အတူ ယုံကြည်သူတို့အား ကယ်နှုတ်တော်မူ၏။ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်သော အသံကြီးသည် မတရားပြုကျင့်သူတို့အား ဖမ်းဆီး၏။ နံနက်မိုးသောက်သည် သူတို့အား မိမိတို့အိမ်တွင်းတွင် အလျားမှောက်လဲနေသည်ကို တွေ့ရ၏။
Ghazi Mohammad Hashim
၎င်းနောက် ငါအရှင်မြတ်၏အမိန့်တော်သည်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့်(နဗီတမန်တော်)ရှုအိုက်ဗ်နှင့်တကွ ယင်း (နဗီတမန်တော်)ရှုအိုက်ဗ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့ကိုပါကယ်ဆယ်တော်မူခဲ့လေသည်။ သို့ရာတွင် မတရား ပြုကျင့်ခဲ့ကြကုန်သောသူတို့ကိုကား ကျယ်လောင်သော အသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေရာ ၎င်းတို့သည် နံနက်အချိန်တွင် မိမိတို့နေအိမ်များ၌ မှောက်လျက်သား ဖြစ်နေခဲ့ကြကုန်သတည်း။ (သေကြေပျက်စီး သွားခဲ့ကြလေသတည်း။)
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ ကရုဏာ‌တော်ဖြင့် (တမန်‌တော်)ရှိုအိုင်ဗ်နှင့်တကွ သူနှင့်အတူ ယုံကြည်ခဲ့ကြ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ၎င်း‌နောက် မတရားကျူးလွန်ခဲ့ကြ‌သောသူများကိုမူ ကျယ်‌လောင်‌သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် နံနက်အချိန်တွင် သူတို့၏‌နေအိမ်ထဲ၌ ‌မှောက်လျက်သားဖြစ်(ပြီး ‌သေ‌ကြေပျက်စီး)‌နေခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek