×

(ခမည်းတော်ဖြစ်သော တမန်တော်) ယာကူဗ်က ""ဧကန်ပင်၊ ကျွန်ုပ်သည် အသင်တို့သည် (သူ့အပါးမှ ဝေးသွားကြပြီး သူ့ဘက်ကို အာရုံမစိုက်ဘဲ) မေ့လျော့နေကြစဉ် ဝံပုလွေက 12:13 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:13) ayat 13 in Burmese

12:13 Surah Yusuf ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 13 - يُوسُف - Page - Juz 12

﴿قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ ﴾
[يُوسُف: 13]

(ခမည်းတော်ဖြစ်သော တမန်တော်) ယာကူဗ်က ""ဧကန်ပင်၊ ကျွန်ုပ်သည် အသင်တို့သည် (သူ့အပါးမှ ဝေးသွားကြပြီး သူ့ဘက်ကို အာရုံမစိုက်ဘဲ) မေ့လျော့နေကြစဉ် ဝံပုလွေက သူ့အား ကိုက်စားမည်ကို ကြောက်ရွံ့ စိုးရိမ်နေသည့်အပြင် ထို (စိုးရိမ်စိတ်) က သူ့ကို စေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား အမှန်ပင် ပူပင်သောကရောက်စေ၏။"" ဟု ဖြေဆိုပန်ကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: قال إني ليحزنني أن تذهبوا به وأخاف أن يأكله الذئب وأنتم عنه, باللغة البورمية

﴿قال إني ليحزنني أن تذهبوا به وأخاف أن يأكله الذئب وأنتم عنه﴾ [يُوسُف: 13]

Ba Sein
၁၃။ ခမည်းတော်က အမှန်ကိုဆိုသော် သင်တို့သူ့အား ယူသွားမည်ကို ငါသည် စိတ်ပူဆွေးမိ၏။ သင်တို့သည် အမှတ်မဲ့နေသောအခါ ဝံပုလွေမျိုမည်ကို ငါစိုးကြောက်ရွံ့၏ဟု ပြော၏။
Ghazi Mohammad Hashim
(ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။
Hashim Tin Myint
၎င်း(ဖခင်)က‌ပြောဆိုသည်- အမှန်စင်စစ် ငါသည် အသင်တို့ ယူစွဖ်ကို‌ခေါ်သွားသည့်အတွက် ဝမ်းနည်းပူ‌ဆွေးရမည် အမှန်ပင်ဖြစ်သည်။ ၎င်း‌နောက် အသင်တို့သည် ၎င်းကို သတိမမူ ‌မေ့‌လျော့‌နေလျက်ရှိစဉ် သူ့အား ဝံပု‌လွေကိုက်စားမည်ကိုလည်း ငါစိုးရိမ်မိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek