×

(အဆိုပါ လွတ်မြောက်လာသူသည် တမန်တော်ယူစုဖ်ရှိရာ အကျဉ်းထောင်ရောက်လေသော်) “အို၊ ယူစုဖ်၊ အို၊ ဖြောင့်မတ်မှန်ကန်သောစကားကို ပြောသောသစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား “ဝဖြိုးသော 12:46 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:46) ayat 46 in Burmese

12:46 Surah Yusuf ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 46 - يُوسُف - Page - Juz 12

﴿يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفۡتِنَا فِي سَبۡعِ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعِ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖ لَّعَلِّيٓ أَرۡجِعُ إِلَى ٱلنَّاسِ لَعَلَّهُمۡ يَعۡلَمُونَ ﴾
[يُوسُف: 46]

(အဆိုပါ လွတ်မြောက်လာသူသည် တမန်တော်ယူစုဖ်ရှိရာ အကျဉ်းထောင်ရောက်လေသော်) “အို၊ ယူစုဖ်၊ အို၊ ဖြောင့်မတ်မှန်ကန်သောစကားကို ပြောသောသစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား “ဝဖြိုးသော နွားမခုနစ်ကောင်ကို ပိန်ရှူံ့နေသော နွားမ ခုနစ်ကောင်က (အငမ်းမရ) ဝါးမျိုနေကြောင်းနှင့်စိမ်းစိုသော ဂျုံနှံခုနစ်နှံက အခြား သွေ့ခြောက်လျက်ရှိသော (ဂျုံနှံ) ခုနှစ်နှံအား ဝါးမျိုကြောင်းတို့နှင့်စပ်လျဉ်း၍ (သိမြင်နားလည်နိုင်ရန်) ရှင်းလင်းတင်ပြလော့။ သို့မှသာလျှင် ကျွန်ုပ်သည် လူသားတို့ထံ ပြန်နိုင်၍ (သူတို့အား ထိုအနက်ဖွင့်ဆိုချက်များ၏အကြောင်းကို သတင်းပေး သိစေခြင်းဖြင့်) သူတို့လည်း (အနက် ဖွင့်ဆိုချက်နှင့်အတူ အသင်၏အရည်အချင်းနှင့်မတရားသဖြင့် အကျဉ်းချခံရသည့်အကြောင်းကိုပါ) သိနားလည်နိုင်ကြမည်ဖြစ်၏၊” ဟု ပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: يوسف أيها الصديق أفتنا في سبع بقرات سمان يأكلهن سبع عجاف وسبع, باللغة البورمية

﴿يوسف أيها الصديق أفتنا في سبع بقرات سمان يأكلهن سبع عجاف وسبع﴾ [يُوسُف: 46]

Ba Sein
၄၆။ သူသည် ထောင်တွင်းရှိ ယူစွတ်(ဖ်)ထံ ရောက်သောအခါ အို-ယူစွတ်(ဖ်)၊ အို-မှန်သောစကားကို ဆိုသူ၊ ပိန်သောနွားမခုနစ်ကောင်က ဝသောနွားမခုနစ်ကောင်ကို စားခြင်း၊ စိမ်းစိုသေားစပါးနှံခုနစ်နှံနှင့်သွေ့ခြောက်သော စပါးနှံခုနစ်နှံစသည့်အိပ်မက်၏ အဓိပ္ပါယ်ကို ဖော်ပြပါ။ အကျွနု်ပ်သည် မိမိအမျိုးသားတို့ထံ ပြန်ပြောရအောင် သူတို့သိရအောင် အဓိပ္ပါယ်ကို ပြောပြပါဟု ဆို၏။
Ghazi Mohammad Hashim
(အကျဉ်းထောင်သို့ရောက်လတ်သော် ထိုလုလင်သည် တမန်တော်ယူဆွဖ်အား ဤသို့ ပြောဆိုလေ၏။) အို-ယူဆွဖ်၊ အို-သစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား ဝဝဖြိုးဖြိုးရှိသော နွားမခုနစ်ကောင်ကို ပိန်ချုံးသော နွားမခုနစ်ကောင်သည် စား၍နေသည်။ ၎င်းပြင် စိမ်းစိုသော စပါးနှံခုနစ်နှံနှင့်ခြောက်သွေ့သော စပါးခုနှစ်နှံဖြစ်ကုန်သည်။ (မြင်မက်သောအိပ်မက်)နှင့်စပ်လျဉ်း၍ (ဒိဗ်ဓုမ်ကို) ရှင်းလင်း ပြောပြပါလေ။သို့မှသာလျှင် ကျွန်ုပ်သည် လူများထံပြန်နိုင်၍ လူများလည်း(အသင်၏ မြင့်မြတ်လှသောဂုဏ်အင်များကို) သိနားလည်နိုင်ကြပေမည် ဖြစ်သတည်း။
Hashim Tin Myint
(‌ထောင်သို့‌ရောက်‌သောအခါ တမန်‌တော်ယူစွဖ်ကို ဤသို့‌ပြောဆိုသည်) အို- ယူစွဖ်၊ အို- အလွန်မှန်ကန်‌သောသူ၊ အသင်သည် ကျွန်ုပ်တို့အား (ဤအိပ်မက်၏အတိတ်ကို)‌ပြောပြပါ- (ထိုအိပ်မက်မှာ ဤသို့ဖြစ်သည်) “ဝဖြိုး‌သောနွားမခုနစ်‌ကောင်အား ပိန်လှီ‌သောနွားမခုနစ်‌ကောင်က စား‌နေသည်။ ၎င်းပြင် စိမ်းစို‌သော စပါးနှံခုနစ်နှံနှင့် ‌ခြောက်‌သွေ့‌သော စပါးနှံခုနစ်နှံဖြစ်သည်။“ ၎င်း(၏အတိတ်ကို အသင်‌ပြောပြ)မှသာ ကျွန်ုပ်သည် လူများထံသို့ ပြန်(‌ပြောပြ)နိုင်၍ လူများလည်း သိနားလည်နိုင်မည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek