×

(ထိုစဉ် အကျဉ်းထောင်ထဲတွင် တမန်တော်ယူစုဖ်နှင့်အတူနေခဲ့ကြသည့်) အကျဉ်းသားနှစ်ဦးအနက်မှ တရားသေလွတ်မြောက်သွားသူသည် အချိန်အတန်ကြာပြီးနောက် (ယခုအခါ) တမန်တော်ယူစုဖ်အကြောင်း သတိရလျှက် ဘုရင်အား) “ကျွန်ုပ်သည် အသင်တို့အား 12:45 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:45) ayat 45 in Burmese

12:45 Surah Yusuf ayat 45 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 45 - يُوسُف - Page - Juz 12

﴿وَقَالَ ٱلَّذِي نَجَا مِنۡهُمَا وَٱدَّكَرَ بَعۡدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأۡوِيلِهِۦ فَأَرۡسِلُونِ ﴾
[يُوسُف: 45]

(ထိုစဉ် အကျဉ်းထောင်ထဲတွင် တမန်တော်ယူစုဖ်နှင့်အတူနေခဲ့ကြသည့်) အကျဉ်းသားနှစ်ဦးအနက်မှ တရားသေလွတ်မြောက်သွားသူသည် အချိန်အတန်ကြာပြီးနောက် (ယခုအခါ) တမန်တော်ယူစုဖ်အကြောင်း သတိရလျှက် ဘုရင်အား) “ကျွန်ုပ်သည် အသင်တို့အား (ဘုရင်၏အိပ်မက်များကို) အနက်ဖွင့်ဆိုခြင်းနှင့်စပ်လျဉ်း ၍ သတင်းအကြောင်းကြားနိုင်ရန်အလို့ငှာ (အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်သူထံသို့) ကျွန်ုပ်ကို စေ လွှတ်ပါလော့။” ဟု တိုက်တွန်းပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: وقال الذي نجا منهما وادكر بعد أمة أنا أنبئكم بتأويله فأرسلون, باللغة البورمية

﴿وقال الذي نجا منهما وادكر بعد أمة أنا أنبئكم بتأويله فأرسلون﴾ [يُوسُف: 45]

Ba Sein
၄၅။ ထိုအခါထိုသူနှစ်ဦးအနက် အလွှတ်ခံရသောသူသည် နောက်ဆုံး၌ သတိရ၍ အကျွနု်ပ်သည် အိပ်မက်များ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြပါမည်။ သို့အတွက်အကျွနု်ပ်ကို ယခုသင့်တို့ထံမှ ထွက်သွားခွင့်ပြုပါဟု လျှောက်၏။
Ghazi Mohammad Hashim
ထိုအခါ ယင်း(အကျဉ်းချထားခြင်း ခံခဲ့ကြသော) လုလင်နှစ်ဦးအနက် ပြန်၍လွတ်မြောက်ခဲ့သော လုလင်သည် ကာလအတော်ကြာပြီးနောက်သော်မှပင် သတိရလာ၍ထိုအိပ်မက်၏ဒိဗ်ဓုမ်ကို ဘုရင်မင်းမြတ်တို့အား ကျွန်တော်မျိုးတစ်ဆင့်ပြောပြပါမည်။ သို့ပါ၍ အရှင်မင်းမြတ်သည် ကျွန်တော်မျိုးအား သွားခွင့်ပြုတော်မူပါဟု လျှောက်ထားခဲ့လေ၏။
Hashim Tin Myint
၎င်း‌နောက် ထို(‌ထောင်ကျခဲ့‌သော လူငယ်)နှစ်ဦးထဲမှ ပြန်လည်လွတ်‌မြောက်လာခဲ့‌သောလူငယ်သည် ကာလအတန်ကြာပြီး‌နောက်မှ သတိရလာပြီး (ဘုရင်အား)‌လျှောက်ထားသည်- ကျွန်ုပ်သည် ထိုအိပ်မက်၏အတိတ်ကို ‌ပြောပြပါမည်။ သို့ဖြစ်ရာ (ဘုရင်ကြီးသည်) ကျွန်ုပ်အား ‌စေလွှတ်လိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek