Quran with Burmese translation - Surah Yusuf ayat 47 - يُوسُف - Page - Juz 12
﴿قَالَ تَزۡرَعُونَ سَبۡعَ سِنِينَ دَأَبٗا فَمَا حَصَدتُّمۡ فَذَرُوهُ فِي سُنۢبُلِهِۦٓ إِلَّا قَلِيلٗا مِّمَّا تَأۡكُلُونَ ﴾
[يُوسُف: 47]
﴿قال تزرعون سبع سنين دأبا فما حصدتم فذروه في سنبله إلا قليلا﴾ [يُوسُف: 47]
Ba Sein ၄၇။ ထိုအခါယူစွတ်(ဖ်)က ဟယ်-အချင်း၊ သင်တို့သည် ခါတိုင်းကဲ့သို့ လယ်ယာကိုင်းကျွန်းကို ခုနှစ်ပတ်လုံး၊ ထွန်ယက်လုပ်ကိုင်ကြလော့။ အသီးအနှံများကို ရိတ်သိမ်းသောအခါ တနှံမှ မကြေစေရ။ ကောက်လှိုင်းအတိုင်း သိုလှောင်ထားကြလော့။ စားသုံးရန် အနည်းငယ်ကိုမျှ အနှံမှ ချွေယူစားသုံးကြလော့။ |
Ghazi Mohammad Hashim ထိုယူစုဖ်သည် (အိပ်မက်ဒိဗ်ဓုမ်ကို ဤသို့ ရှင်းလင်း၍) ပြောပြလေသည်။ အသင်တို့သည် (မိမိတို့စိုက်ပျိုးနေကျအတိုင်း) ခုနစ်နှစ်တိုင်တိုင်(မိမိတို့လယ်ယာများကို) အဆက်မပြတ် စိုက်ပျိုးကြလေကုန်။ သို့ရှိရာ အသင်တို့သည် မိမိတို့ရိတ်သိမ်း သော ကောက်လှိုင်းများအနက် မိမိတို့စားသုံးရန်ဖြစ်သော အနည်းငယ်မျှမှအပ ကျန်ရှိသော ကောက်လှိုင်း များကိုကောက်လှိုင်းအတိုင်းပင် ထားရှိကြလေကုန်။ |
Hashim Tin Myint ၎င်းသည် (အိပ်မက်၏အတိတ်ကို ဤသို့)ပြောပြသည်။ “အသင်တို့သည် (အသင်တို့၏လယ်ယာများကို စိုက်ပျိုးနေကြအတိုင်း) ခုနှစ်ဆက်တိုက် စိုက်ပျိုးကြပါ။ ထို့နောက် အသင်တို့သည် အသင်တို့ ရိတ်သိမ်းသော ကောက်လှိုင်းများထဲမှ အသင်တို့စားသုံးမည့် အနည်းငယ်မှလွဲ၍ ကျန်ရှိသောကောက်လှိုင်းများကို ကောက်လှိုင်းအတိုင်းပင် ထားရှိကြပါ။ (စပါးနှံများကို မချွေချဘဲ စပါးပင်များ၌ တွဲလျက်ထားလိုက်ကြပါ)။ |