Quran with Burmese translation - Surah Yusuf ayat 50 - يُوسُف - Page - Juz 12
﴿وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٞ ﴾
[يُوسُف: 50]
﴿وقال الملك ائتوني به فلما جاءه الرسول قال ارجع إلى ربك فاسأله﴾ [يُوسُف: 50]
Ba Sein ၅ဝ။ မင်းကြီးသည် အိပ်မက်ပြန်သူကို ငါ့ထံသို့ ယူခဲ့လော့ဟု မိန့်တော်မူ၏။ မင်းကြီးစေလွှတ်သူသည် ယူစွတ်(ဖ်)ထံ ရောက်သောအခါ ထိုသူအား သင်၏ သခင်ထံသို့ ပြန်၍ မိမိတို့လက်ကို သားလှီးဓားနှင့်လှီးမိသောမိန်းမတို့သည် မည်သို့နေပါသနည်းဟု လျှောက်လော့။ စင်စစ်အားဖြင့်ငါ၏ အရှင်၊ သခင်သည် သူတို့၏ ပရိယာယ်မာယာကို သိတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့နောက် ဘုရင်က ပြောဆိုမိန့်ကြားသည်- “အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံသို့ ခေါ်လာခဲ့ကြပါ။“ ထို့နောက် စေတမန်သည် ၎င်း(ယူစွဖ်)ထံသို့ ရောက်လာသောအခါ ၎င်းက သူ(စေတမန်)အား အသင်သည် အသင်၏သခင်ထံသို့ ပြန်သွားပါ။ ၎င်းနောက် အသင်သည် ထိုဘုရင်ကို “သူမတို့လက်များအား လှီးဖြတ်ခဲ့ကြသော အမျိုးသမီးများ၏အခြေအနေသည် မည်သို့ပါနည်း“ဟု လျှောက်ထားမေးမြန်းပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထိုအမျိုးသမီးများ၏ ပရိယာယ်ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |