Quran with Burmese translation - Surah Yusuf ayat 51 - يُوسُف - Page - Juz 12
﴿قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٖۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ﴾
[يُوسُف: 51]
﴿قال ما خطبكن إذ راودتن يوسف عن نفسه قلن حاش لله ما﴾ [يُوسُف: 51]
Ba Sein ၅၁။ ထိုအခါ မင်းကြီးသည် ထိုမိန်းမများကို မိမိထံသို့ လာစေ၍ သင်တို့လည်း ယူနွတ်(စ်)ထံမှ မတရားမှုကို တောင်းသောအခါ ဘာဖြစ်သနည်းဟု မေးတော်မူ၏။ ထိုမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းတော် မူပါ၏။ ယူစွတ်(ဖ်)၏ အပေါ်တွင် အပြစ်တစုံတရာမျှမသိရပါဟု ပြန်လျှောက်၏။ ထိုအခါအမတ်ကြီးကတော်က ယခုမူကား အကြောင်းမှန်သည် ပေါ်လာချေပြီ။ အကျွနု်ပ်သည် သူ့ထံမှ မကောင်းမှုကို တောင်းပါ၏။ သို့သော် သူသည် သစ္စာသမာဓိဂုဏ်နှင့်အမှန်ပင်ပြည့်စုံပါ၏ဟု လျှောက်၏။ |
Ghazi Mohammad Hashim (ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။ |
Hashim Tin Myint ဘုရင်သည် (ထိုမိန်းမများအား) အသင်မတို့သည် ယူစွဖ်အား ၎င်း၏အလိုဆန္ဒမပါဘဲ ဆွဲဆောင်သောအခါ အသင်မတို့၏အဖြစ်မှန်သည် မည်သို့ရှိခဲ့ကြသနည်းဟု မေးမြန်းသည်။ ထိုမိန်းမများက ဖြေကြားကြသည်- အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံပါသည်။ ကျွန်မတို့သည် ၎င်း(ယူစွဖ်)အပေါ်၌ မည်သည့်မကောင်းမှုမှ မသိရှိခဲ့ကြပါ။“ အဇီးဇ်၏ဇနီးကလည်း လျှောက်ထားခဲ့သည်- “ယခုမူ အမှန်သည် ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ ကျွန်မကပင် ၎င်း(ယူစွဖ်)အား ၎င်း၏စိတ်အလိုဆန္ဒမပါဘဲ ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် မှန်ကန်သောသူများထဲမှ တစ်ဦးဖြစ်ပါသည်။ |