Quran with Burmese translation - Surah Yusuf ayat 73 - يُوسُف - Page - Juz 13
﴿قَالُواْ تَٱللَّهِ لَقَدۡ عَلِمۡتُم مَّا جِئۡنَا لِنُفۡسِدَ فِي ٱلۡأَرۡضِ وَمَا كُنَّا سَٰرِقِينَ ﴾
[يُوسُف: 73]
﴿قالوا تالله لقد علمتم ما جئنا لنفسد في الأرض وما كنا سارقين﴾ [يُوسُف: 73]
Ba Sein ၇၃။ ထိုခရီးသည်တို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ အကျွနု်ပ်တို့သည် ပြစ်မှုကျူးလွန်ဖို့မလာကြောင်းကို သင်တို့ကောင်းစွာသိပါ၏။ အကျွနု်ပ်တို့သည် သူခိုးမဟုတ်ပါဟု ပြောပြကြ၏။ |
Ghazi Mohammad Hashim (ထိုအခါ) ၎င်းတို့က(ဤသို့)ပြောဆိုဖြေ ကြားခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောအံ့။ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဆူပူသောင်းကျန်ရန်အတွက်လာခဲ့ကြသည်မဟုတ်ကြောင်း။ ထို့ပြင် ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်း။ အသင်တု့ိသည် ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ကုန်၏။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီးပြောမည်၊ ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ရန် လာခဲ့ခြင်းမဟုတ်ကြောင်းနှင့် ကျွန်ုပ်တို့သည် သူခိုးများလည်းမဟုတ်ကြောင်းကို အသင်တို့ အမှန်စင်စစ် သိရှိပြီးဖြစ်သည်။ |