×

(ကြေညာသူနှင့်ဝန်ထမ်းများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့၌ ဘုရင်၏ခွက် ပျောက်ဆုံးနေခြင်း ဖြစ်ပြီး မည်သူမဆို ယင်းကို ယူဆောင်လာခဲ့လျှင်၊ (အကျိုးဆုလဒ်အဖြစ် ပမာဏအားဖြင့်) ကုလား 12:72 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:72) ayat 72 in Burmese

12:72 Surah Yusuf ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 72 - يُوسُف - Page - Juz 13

﴿قَالُواْ نَفۡقِدُ صُوَاعَ ٱلۡمَلِكِ وَلِمَن جَآءَ بِهِۦ حِمۡلُ بَعِيرٖ وَأَنَا۠ بِهِۦ زَعِيمٞ ﴾
[يُوسُف: 72]

(ကြေညာသူနှင့်ဝန်ထမ်းများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့၌ ဘုရင်၏ခွက် ပျောက်ဆုံးနေခြင်း ဖြစ်ပြီး မည်သူမဆို ယင်းကို ယူဆောင်လာခဲ့လျှင်၊ (အကျိုးဆုလဒ်အဖြစ် ပမာဏအားဖြင့်) ကုလား အုတ်တစ်ကောင် သယ်ဆောင်ရမည့် စားနပ်ရိက္ခာများ ရရှိမည်ဖြစ်သည်။” ဟု ပြောပြခဲ့၏။ ထို့ပြင် ကျွန်ုပ်သည် ထိုကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မည့်သူ (အာမခံသူ) ဖြစ်၏။” ဟုလည်း (အဆိုပါ သံတော်ဆင့်က) ကတိပေး ပြောခဲ့၏။

❮ Previous Next ❯

ترجمة: قالوا نفقد صواع الملك ولمن جاء به حمل بعير وأنا به زعيم, باللغة البورمية

﴿قالوا نفقد صواع الملك ولمن جاء به حمل بعير وأنا به زعيم﴾ [يُوسُف: 72]

Ba Sein
၇၂။ သူတို့က အကျွနု်ပ်တို့၏ ဘုရင်မင်းမြတ်၏ ဖလားတော်ပျောက်ဆုံးသွားပါ၏။ အကြင်သူသည် ထိုဖလားကို ပြန်ပေးအ့ံ။ ထိုသူအား ကုလားအုပ်တစီးတင်ရိက္ခာကို ဆုချတော်မူမည်ဟု ပြောကြ၏။ ထို့အပြင်ယူစွတ်(ဖ်) ကလည်း ထိုဖလားအတွက် အကျွနု်ပ်မှာ တာဝန်ရှိပါသည်ဟု ဆို၏။
Ghazi Mohammad Hashim
ထိုကြေညာသူတို့က (ဤသို့) ပြောဆိုခဲ့ကြလေ၏။ကျွန်ုပ်တို့ ဘုရင်မင်းမြတ်၏ ပမာဏခြင်ခွက်(ဖလား)ကိုပျောက်ဆုံးနေပါသည်ဟု ပြောဆိုခဲ့ကြလေသည်။ မည်သူမဆို ထိုခြင်ခွက် ပမာဏကို(ရှာဖွေ)ယူဆောင်ခဲ့ပါလျှင်၊ ၎င်း၏အဖို့ ကုလားအုတ် တစ်စီးစာ(စားနပ်ရိက္ခာ)သည်ရှိအံ့။ ထို့ပြင် ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။
Hashim Tin Myint
ထို(‌ကြေညာ)သူများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့ဘုရင်၏ခြင်တွယ်ခွက်(‌သောက်‌ရေခွက်) ‌ပျောက်‌နေပါသည်။ ၎င်း‌နောက် မည်သူမဆို ထိုခြင်ခွက်ကို (ရှာ‌ဖွေ)ယူ‌ဆောင်ခဲ့လျှင် ထိုသူအတွက် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ရမည်။ ၎င်း‌နောက် ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek