Quran with Burmese translation - Surah Ar-Ra‘d ayat 1 - الرَّعد - Page - Juz 13
﴿الٓمٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِۗ وَٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ ﴾
[الرَّعد: 1]
﴿المر تلك آيات الكتاب والذي أنـزل إليك من ربك الحق ولكن أكثر﴾ [الرَّعد: 1]
Ba Sein ၁။ အလီ(ဖ်)၊လမ်၊မြီ(မ်)၊ရာ၊ ဤဂါထာတော်များသည် ကုရ်အာန်ကျမ်းတော်၏ ဂါထာတော်များဖြစ်၏။ တမန်တော် သင့်ထံသို့ သင်၏ အရှင်သခင်အထံတော်မှ ကျရောက်လာသောကျမ်းတော်သည် တရားတော်အစစ်အမှန်ဖြစ်၏။ သို့သော်လူသားတို့အနက် များပြားလှစွာသောသူတို့သည် မယုံကြည်ကြချေ။ |
Ghazi Mohammad Hashim အလစ်ဖ်၊ လာမ်၊ မီမ်၊ ရာ။ ဤသည်တို့ကား(ထွတ်မြတ်လှစွာသောကုရ်အာန်) ကျမ်းတော်မြတ်၏ ဒေသနာတော်များပင်တည်း။ စင်စစ်မူကား အသင့်ထံ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ကျရောက်လာသော တရားတော်များသည်(လုံးဝ)အမှန်ပင် ဖြစ်ချေသည်။သို့ရာတွင် လူသားတို့အနက် မြောက်မြားစွာသောသူများမူကားသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ |
Hashim Tin Myint အလိဖ် လာမ် မီမ် ရာ။* ဤအရာများသည် ကျမ်းတော်မြတ်၏ အာယသ်တော်များဖြစ်သည်။ ထို့ပြင် အသင်(တမန်တော်)ထံသို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကျရောက်လာသော တရားတော်များသည် အမှန်ပင်ဖြစ်သည်။* သို့ရာတွင် လူသားများထဲမှ အမြောက်အမြားကမူ ယုံကြည်ကြမည် မဟုတ်ပေ။ |