×

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များအား ယင်းတို့၌ သင်တို့ မြင်နိုင်သော ထိန်းချုပ်မှုဆိုင်ရာ မည်သည့် တိုင်မျှမပါဘဲ မြှင့်တင်ထားတော်မူပြီးနောက် စကြဝဋ္ဌာအလုံးစုံအား ထိန်းချုပ်တော်မူသည့် အရှင့်တန်ခိုးအာဏာစက်ကို 13:2 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:2) ayat 2 in Burmese

13:2 Surah Ar-Ra‘d ayat 2 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 2 - الرَّعد - Page - Juz 13

﴿ٱللَّهُ ٱلَّذِي رَفَعَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ يُدَبِّرُ ٱلۡأَمۡرَ يُفَصِّلُ ٱلۡأٓيَٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمۡ تُوقِنُونَ ﴾
[الرَّعد: 2]

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များအား ယင်းတို့၌ သင်တို့ မြင်နိုင်သော ထိန်းချုပ်မှုဆိုင်ရာ မည်သည့် တိုင်မျှမပါဘဲ မြှင့်တင်ထားတော်မူပြီးနောက် စကြဝဋ္ဌာအလုံးစုံအား ထိန်းချုပ်တော်မူသည့် အရှင့်တန်ခိုးအာဏာစက်ကို အရ်ရှ်ပလ္လင်တော်ထက်ဝယ် အတိမ်းအစောင်းကင်းမဲ့၍ နေထားတကျဖြစ်အောင် ထူထောင်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် နေနှင့်လကို အရှင့်နိယာမတရားနှင့်အညီ လှည့် ပတ်လှုပ်ရှားစေရန် အရှင့်အာဏာစက်အား နာခံစေတော်မူ၍ အရာရာတိုင်းကို ယင်းတည်ရှိရာ နေရာနှင့်အချိန်ကာလအတိုင်း အတာတစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြ ဋ္ဌာန်းတော်မူလျှက် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား တမလွန်တရားစီရင်မည့်နေ၌ တွေ့ဆုံရမည်ကို အသေအချာပင် ယုံကြည်လာကြရန်အလို့ငှာ အရှင့်စီမံချက်အရေးကိစ္စများအား ခေါက်တုံ့ခေါက် ပြန်ဖြစ်ပေါ်စေပြီး အလေးအနက် စူးစမ်းရှာဖွေဖော်ထုတ်ရသောအရာများအဖြစ် စနစ်တကျစီမံထားတော်မူ ကြောင်းကို အရှင့်အာယသ်သက်သေလက္ခဏာတော်များ၌ ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေရန် အသေးစိတ် ခင်းကျင်းပြသ၍ စီစဉ်တင်ပြထားတော်မူ၏။

❮ Previous Next ❯

ترجمة: الله الذي رفع السموات بغير عمد ترونها ثم استوى على العرش وسخر, باللغة البورمية

﴿الله الذي رفع السموات بغير عمد ترونها ثم استوى على العرش وسخر﴾ [الرَّعد: 2]

Ba Sein
၂။ အလ္လာဟ်အရှင်မြတ်သည် မိုဃ်းကောင်ကင်ဘုံများကို တိုင်မထူပဲ မြင့်စွာတည်ထာတော်မူ၏။ ထို့နောက်ရာဇပလ္လင် ပေါ်သို့ တက်တော်မူ၏။ နေနှင့်လယတို့သည် ပိုင်းခြားသတ်မှတ်ထားတော်မူသောအချိန်ကာလအတိုင်း လှည့်ပတ် သွားလာဝင်ထွက်ကြရ၏။ အရှင်မြတ်သည် သူတို့သွားလာဖို့ရာလမ်းကို သတ်မှတ်ပေးထားတော်မူ၏။ သင်တို့ သည် သင်တို့၏ အရှင်သခင်အား ဒိဋ္ဌဖူးမြှော်ရမည်ကို ယုံကြည်ကောင်းယုံကြည်ဖို့ရာ ကုရ်အာန်ကျမ်းတော်ကို အသေးစိတ်စုံလင်စွာချပေးသနားတော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်များကို အသင်တို့မမြင်နိုင်ကြသော တိုင်များဖြင့် မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ (တစ်နည်း)အသင်တို့တွေ့မြင်ကြသည့်အတိုင်း တိုင်များမပါဘဲ မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရှ် ပလ’င်တော်ထက်ဝယ် စံမြန်းတော်မူလေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊လ စန္ဒာကိုလည်းကောင်း နာခံစေတော်မူလေသည်။ (ထိုနေနှင့်လသည်) သတ်မှတ်ထားသောအချိန် ကာလတွင် အသီးသီးသွားလာလျက်ပင် ရှိကြကုန်၏။ ထိုအရှင်မြတ်သည် အရေးကိစ္စတို့ကို စီမံခန့်ခွဲတော်မူ၏။ သက်သေလက္ခဏာတော်များကိုအသေးစိတ်ရှင်းလင်းတော်မူ၏။ သို့မှသာလျှင် အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံခြင်းကို ယုံကြည်ကြရာသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များကို အသင်တို့မြင်နိုင်‌သော တိုင်များမပါဘဲနှင့် မြှင့်တင်ထား‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို နာခံ‌စေ‌တော်မူခဲ့သည်။ (ထို‌နေနှင့်လသည်) သတ်မှတ်ထား‌သော အချိန်ကာလအတွက် အသီးသီး သွားလာ‌နေကြသည်။ အရှင်မြတ်သည် အ‌ရေးကိစ္စအားလုံးကို စီမံခန့်ခွဲ‌တော်မူသည်။* အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် ‌တွေ့ဆုံခြင်းကို ယုံကြည်ကြရန်အတွက် အရှင်မြတ်သည် သက်‌သေလက္ခဏာများကို အ‌သေးစိတ် ရှင်းလင်း‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek