×

အသင်တို့အနက်မှ မည်သူမဆို အပြောအဆိုများကို ပုန်းလျှီုးကွယ်လျှိုး ကြံစည်ဆွေးနွေးသည်ဖြစ်စေ၊ လူပုံအလယ်တွင် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ ည (၏အမှောင်) ဖြင့် သူ့လျှို့ဝှက်ကြံစည်မှု 13:10 Burmese translation

Quran infoBurmeseSurah Ar-Ra‘d ⮕ (13:10) ayat 10 in Burmese

13:10 Surah Ar-Ra‘d ayat 10 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Ra‘d ayat 10 - الرَّعد - Page - Juz 13

﴿سَوَآءٞ مِّنكُم مَّنۡ أَسَرَّ ٱلۡقَوۡلَ وَمَن جَهَرَ بِهِۦ وَمَنۡ هُوَ مُسۡتَخۡفِۭ بِٱلَّيۡلِ وَسَارِبُۢ بِٱلنَّهَارِ ﴾
[الرَّعد: 10]

အသင်တို့အနက်မှ မည်သူမဆို အပြောအဆိုများကို ပုန်းလျှီုးကွယ်လျှိုး ကြံစည်ဆွေးနွေးသည်ဖြစ်စေ၊ လူပုံအလယ်တွင် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ ည (၏အမှောင်) ဖြင့် သူ့လျှို့ဝှက်ကြံစည်မှု အတွက် သူ့ကိုယ်သူ လူတို့၏အမြင်မှ ပုန်းကွယ်နေသူ ဖြစ်စေ၊ နေ့ (၏အလင်းရောင်) ဖြင့် အမှန်တရားအား မြင် သာထင်ရှားစေရန် လွတ်လပ်စွာ ရုန်းကန်လှုပ်ရှားနေသူဖြစ်စေ၊ (အရှင့်ဉာဏ်တော်အနန္တဖြင့်) တစ်ချိန်တည်း တစ် ပြိုင်တည်း ထပ်တူထပ်မျှပင် သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: سواء منكم من أسر القول ومن جهر به ومن هو مستخف بالليل, باللغة البورمية

﴿سواء منكم من أسر القول ومن جهر به ومن هو مستخف بالليل﴾ [الرَّعد: 10]

Ba Sein
၁၀။ သင်တို့အနက် လျှို့ဝှက်ပြောဆိုသူသည် ၄င်း၊ လူသိရှင်ကြားပြောကြားသူသည် ၄င်း၊ ဉာဉ့်တွင် ပုန်းအောင်နေသူသည်၄င်း၊ နေ့တွင်ပေါ်လွင်ထင်ရှားစွာ သွားလာသူသည်၄င်း၊ ၄င်းတို့အားလုံးသည် အတူတူပင်ဖြစ်ကြ၏။
Ghazi Mohammad Hashim
အသင်တို့အနက် စကားကို လျှို့ဝှက်သော သူသည်လည်းကောင်း၊ ထုတ်ဖော်ပြောဆိုသူသည် လည်းကောင်း၊ညဉ့်(၏အမှောင်)၌ ပုန်းကွယ်၍နေသူသည်လည်းကောင်း၊ နေ့(၏အလင်းရောင်) ၌ (အထင်အရှား) သွားလာသောသူသည်လည်းကောင်း၊(ထိုအရှင်မြတ်၏အသိဉာဏ်တော်တွင်) အတူတူပင် ဖြစ်ကုန်သတည်း။
Hashim Tin Myint
အသင်တို့ထဲ၌ စကားကို လျှို့ဝှက်‌သောသူသည်လည်း‌ကောင်း၊ စကားကို ထုတ်‌ဖော်‌ပြောဆို‌သောသူသည်လည်း‌ကောင်း၊ ည၌ ပုန်းကွယ်‌နေသူသည်လည်း‌ကောင်း၊ ‌နေ့တွင် သွားလာ‌နေသူသည်လည်း‌ကောင်း (အရှင်မြတ်၏အသိတွင်) အတူတူပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek